ကမ္ဘာ​ဦး 47:5-10 Common Language Bible (BCL)

5. ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``သင်​၏​အ​ဖ နှင့်​အစ်​ကို​တို့​သည် သင့်​ထံ​သို့​ယ​ခု​ရောက်​ရှိ လာ​ကြ​ပြီ​ဖြစ်​၍၊-

6. အီ​ဂျစ်​ပြည်​တွင်​အ​ကောင်း​ဆုံး​အ​ရပ်​ဖြစ် သော​ဂေါ​ရှင်​ဒေ​သ​၌​နေ​ထိုင်​ကြ​ပါ​စေ။ သူ တို့​အ​နက်​သင့်​တော်​သော​သူ​များ​ရှိ​လျှင် ငါ​၏​သိုး​နွား​အုပ်​အ​ရာ​၌​ခန့်​ထား​လော့'' ဟု​မိန့်​ကြား​လေ​၏။

7. ထို​နောက်​ယော​သပ်​သည်​မိ​မိ​၏​အ​ဖ​ကို​ဘု​ရင် ရှေ့​သို့​ခေါ်​ဆောင်​ခဲ့​၏။ ယာ​ကုပ်​သည်​ဖာ​ရော ဘု​ရင်​အား​ကောင်း​ချီး​ပေး​လေ​၏။-

8. ဘု​ရင်​က​ယာ​ကုပ်​အား``အ​သက်​အ​ရွယ်​မည် မျှ​ရှိ​ပါ​သ​နည်း'' ဟု​မေး​၏။

9. ယာ​ကုပ်​က``ကျွန်​တော်​မျိုး​သည်​လော​က​တွင် ဧည့်​သည်​အာ​ဂန္တု​အ​ဖြစ်​နှစ်​ပေါင်း​တစ်​ရာ့​သုံး ဆယ်​နေ​ထိုင်​ခဲ့​ပါ​ပြီ။ သို့​ရာ​တွင်​ဘိုး​ဘေး တို့​၏​သက်​တမ်း​ကို​မ​မီ​ပါ။ ကျွန်​တော်​မျိုး အ​သက်​ရှင်​ခဲ့​သော​နှစ်​များ​မှာ​တို​၍​ကြမ်း တမ်း​လှ​ပါ​၏'' ဟု​လျှောက်​လေ​၏။-

10. ထို​နောက်​ယာ​ကုပ်​သည်​ဖာ​ရော​ဘု​ရင်​ကို​နှုတ် ဆက်​ကောင်း​ချီး​ပေး​ပြီး​လျှင် ဘု​ရင့်​ထံ​တော် မှ​ထွက်​လာ​ခဲ့​လေ​၏။-

ကမ္ဘာ​ဦး 47