3. ဖာရောဘုရင်ကယောသပ်၏အစ်ကိုတို့ အား``သင်တို့မည်သည့်အလုပ်ကိုလုပ်ကိုင် ကြသနည်း'' ဟုမေးလေ၏။သူတို့က``ကျွန်တော်မျိုးတို့သည်ဘိုးဘေး များကဲ့သို့သိုးထိန်းများဖြစ်ကြပါသည်။-
4. ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းဘေး အလွန်ဆိုးရွားလျက်ရှိသဖြင့် သိုးနွားတို့ အတွက်စားကျက်မရှိပါ။ သို့ဖြစ်၍ကျွန်တော် မျိုးတို့သည်ဤပြည်တွင်နေထိုင်ရန်ရောက်လာ ကြပါသည်။ ကျွန်တော်မျိုးတို့အားဂေါရှင် အရပ်၌နေထိုင်ခွင့်ပေးတော်မူပါ'' ဟုလျှောက် ထားကြလေ၏။-
5. ဖာရောဘုရင်ကယောသပ်အား``သင်၏အဖ နှင့်အစ်ကိုတို့သည် သင့်ထံသို့ယခုရောက်ရှိ လာကြပြီဖြစ်၍၊-
6. အီဂျစ်ပြည်တွင်အကောင်းဆုံးအရပ်ဖြစ် သောဂေါရှင်ဒေသ၌နေထိုင်ကြပါစေ။ သူ တို့အနက်သင့်တော်သောသူများရှိလျှင် ငါ၏သိုးနွားအုပ်အရာ၌ခန့်ထားလော့'' ဟုမိန့်ကြားလေ၏။
7. ထိုနောက်ယောသပ်သည်မိမိ၏အဖကိုဘုရင် ရှေ့သို့ခေါ်ဆောင်ခဲ့၏။ ယာကုပ်သည်ဖာရော ဘုရင်အားကောင်းချီးပေးလေ၏။-
8. ဘုရင်ကယာကုပ်အား``အသက်အရွယ်မည် မျှရှိပါသနည်း'' ဟုမေး၏။
9. ယာကုပ်က``ကျွန်တော်မျိုးသည်လောကတွင် ဧည့်သည်အာဂန္တုအဖြစ်နှစ်ပေါင်းတစ်ရာ့သုံး ဆယ်နေထိုင်ခဲ့ပါပြီ။ သို့ရာတွင်ဘိုးဘေး တို့၏သက်တမ်းကိုမမီပါ။ ကျွန်တော်မျိုး အသက်ရှင်ခဲ့သောနှစ်များမှာတို၍ကြမ်း တမ်းလှပါ၏'' ဟုလျှောက်လေ၏။-
10. ထိုနောက်ယာကုပ်သည်ဖာရောဘုရင်ကိုနှုတ် ဆက်ကောင်းချီးပေးပြီးလျှင် ဘုရင့်ထံတော် မှထွက်လာခဲ့လေ၏။-
11. ယောသပ်သည်ဖာရောဘုရင်အမိန့်တော်ရှိသည့် အတိုင်းသူ၏အဖနှင့်အစ်ကိုတို့အား အီဂျစ် ပြည်ရာမသက်မြို့အနီးရှိအကောင်းဆုံး အရပ်တွင်မြေအပိုင်ပေး၍နေထိုင်စေ၏။-
12. ယောသပ်သည်အဖနှင့်အစ်ကိုများအပါ အဝင် ယာကုပ်၏မိသားစုအားလုံးတို့ အားစားနပ်ရိက္ခာထောက်ပံ့လေ၏။
13. အစာခေါင်းပါးခြင်းကပ်သည်အလွန်ဆိုးရွား ရကားစားနပ်ရိက္ခာပြတ်လပ်ကုန်သဖြင့် အီဂျစ် ပြည်နှင့်ခါနာန်ပြည်ရှိလူအပေါင်းတို့သည် အစာငတ်မွတ်သည့်ဒဏ်ကိုအလူးအလဲခံရ ကြ၏။-
14. ယောသပ်သည်စပါးရောင်းရာမှရသောငွေ များကိုစုသိမ်း၍ နန်းတော်ငွေတိုက်သို့ပေး သွင်းလေ၏။-
15. အီဂျစ်ပြည်သားနှင့်ခါနာန်ပြည်သားတို့ တွင်စပါးဝယ်ရန်ငွေကုန်သောအခါ အီဂျစ် ပြည်သားတို့သည်ယောသပ်ထံသို့လာ၍``ကျွန် တော်တို့အားစားစရာပေးပါ။ ငတ်၍မသေ ပါရစေနှင့်။ ကျွန်တော်တို့တွင်ရိက္ခာဝယ်ရန် ငွေမကျန်တော့ပါ'' ဟုလျှောက်ကြလေ သည်။
16. ယောသပ်က``သင်တို့တွင်ငွေကုန်လျှင် သင်တို့ ၏သိုးနွားတိရစ္ဆာန်များကိုယူခဲ့ကြလော့။ တိရစ္ဆာန်များကိုစပါးနှင့်လဲလှယ်ပေးမည်'' ဟုဆိုလေ၏။-