ကမ္ဘာ​ဦး 47:18-31 Common Language Bible (BCL)

18. ထို​နှစ်​ကုန်​၍​နောက်​တစ်​နှစ်​သို့​ရောက်​ရှိ​လာ သော​အ​ခါ သူ​တို့​သည်​ယော​သပ်​ထံ​သို့​လာ ကြ​ပြန်​၍``ကျွန်​တော်​တို့​လက်​တွင်​ငွေ​လည်း ကုန်​ကြောင်း၊ တိ​ရစ္ဆာန်​များ​လည်း​ကိုယ်​တော်​၏ လက်​ဝယ်​သို့​ရောက်​ရှိ​ကြောင်း ကိုယ်​တော်​အ​သိ ပင်​ဖြစ်​ပါ​သည်။ ယ​ခု​ကျွန်​တော်​တို့​၏​ကိုယ် နှင့်​ကျွန်​တော်​တို့​၏​လယ်​မြေ​များ​မှ​လွဲ​၍ ကိုယ်​တော်​အား​ပေး​ရန်​အ​ဘယ်​အ​ရာ​မျှ မ​ရှိ​တော့​ပါ။-

19. ကျွန်​တော်​တို့​အစာ​ငတ်​၍​မ​သေ​ပါ​ရ​စေ​နှင့်။ ကျွန်​တော်​တို့​လယ်​များ​လည်း​ပျက်​ပြုန်း​ခြင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကျွန်​တော်​တို့​အား​ရိက္ခာ​ပေး သည့်​အ​တွက် ကျွန်​တော်​တို့​နှင့်​ကျွန်​တော်​တို့​၏ လယ်​မြေ​များ​ကို​ဝယ်​တော်​မူ​ပါ။ ကျွန်​တော်​တို့ သည်​ဖာရော​ဘုရင်​ထံ​၌​ကျွန်​ခံ​ပါ​မည်။ လယ်​မြေ များ​ကို​လည်း​ဘုရင်​လက်​သို့​အပ်​ပါ​မည်။ ကျွန် တော်​တို့​အ​သက်​မ​သေ​စေ​ရန်​လည်း​ကောင်း၊ လယ် များ​တွင်​စိုက်​ပျိုး​နိုင်​ရန်​လည်း​ကောင်း​စ​ပါး ကို​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​လေ​၏။

20. သို့​ဖြစ်​၍​ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ရှိ​လယ် မြေ​အား​လုံး​ကို ဖာ​ရော​ဘု​ရင်​အ​တွက်​ဝယ် ယူ​လေ​၏။ အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုး​ရွား ခြင်း​ကြောင့်​အီ​ဂျစ်​ပြည်​သား​တိုင်း မိ​မိ​၏ လယ်​မြေ​ကို​ရောင်း​ရ​သ​ဖြင့်​လယ်​မြေ​အား လုံး​တို့​သည်​ဘု​ရင့်​ဘဏ္ဍာ​တော်​ဖြစ်​လာ​၏။-

21. အီ​ဂျစ်​ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​အ​ထိ​နေ ထိုင်​သူ​အ​ပေါင်း​တို့​သည်​လည်း ဘု​ရင်​၏ ကျွန်​ဖြစ်​လာ​ကြ​၏။-

22. ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘု​ရင်​ထံ​မှ​ရိက္ခာ အ​ထောက်​အ​ပံ့​ရ​သူ​များ​ဖြစ်​သော​ကြောင့် မိ​မိ တို့​လယ်​မြေ​များ​ကို​ရောင်း​ချ​ရန်​မ​လို။ ထို့ ကြောင့်​ယော​သပ်​သည်​သူ​တို့​၏​လယ်​မြေ​များ ကို​မ​ဝယ်​ယူ​ဘဲ​ချန်​လှပ်​ထား​လေ​သည်။-

23. ယော​သပ်​က​ပြည်​သား​တို့​အား``ယ​ခု​ငါ​သည် သင်​တို့​နှင့်​သင်​တို့​၏​လယ်​မြေ​များ​ကို​ဘု​ရင့် အ​တွက်​ဝယ်​ယူ​ပြီး​ပြီ။ သင်​တို့​၏​လယ်​များ တွင်​စိုက်​ပျိုး​ရန်​မျိုး​စ​ပါး​ကို​ယူ​ကြ​လော့။-

24. စ​ပါး​ရိတ်​သိမ်း​သည့်​အ​ခါ​ငါး​ပုံ​တစ်​ပုံ​ကို ဘု​ရင့်​ထံ​ဆက်​ရ​မည်။ ကျန်​သော​စပါး​ကို​မျိုး စပါး​အ​တွက်​နှင့်​သင်​တို့​နှင့်​မိ​သား​စု​စား​သုံး ရန်​အ​တွက်​အ​သုံး​ပြု​ကြ​လော့'' ဟု​ဆို​လေ​၏။

25. ပြည်​သား​တို့​က``ကိုယ်​တော်​သည်​ကျွန်​တော်​တို့ ၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ​ပြီ။ ကျွန်​တော် တို့​သည်​ကိုယ်​တော်​ထံ​မှ​မျက်​နှာ​သာ​ရ​ပါ စေ​သော၊ သ​နား​ညှာ​တာ​တော်​မူ​ပါ​ပြီ။ ကျွန် တော်​တို့​သည်​ဘု​ရင်​ထံ​၌​ကျွန်​ခံ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။-

26. သို့​ဖြစ်​၍​ယော​သပ်​သည်​အီ​ဂျစ်​ပြည်​တွင် အ​သီး​အ​နှံ​ထွက်​ထဲ​မှ ငါး​ပုံ​တစ်​ပုံ​ကို ဖာ​ရော ဘု​ရင်​ထံ​ဆက်​ရ​မည်​ဟူ​သော​မြေ​ယာ​ဥ​ပ​ဒေ တစ်​ရပ်​ကို​ပြ​ဋ္ဌာန်း​ခဲ့​လေ​သည်။ ထို​ဥ​ပ​ဒေ သည်​ယ​နေ့​တိုင်​အောင်​အာ​ဏာ​တည်​လျက်​ရှိ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​ပိုင်​သော​လယ်​မြေ​များ​သာ လျှင်​ထို​ဥ​ပ​ဒေ​မှ​လွတ်​ကင်း​ခွင့်​ရှိ​သည်။

27. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​ဂေါ​ရှင်​အ​ရပ်​၌​နေ​ထိုင်​ကြ​စဉ်​ကြီး ပွား​တိုး​တက်​၍​လူ​ဦး​ရေ​အ​လွန်​များ​ပြား လာ​လေ​သည်။-

28. ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​တွင်​တစ်​ဆယ့် ခု​နစ်​နှစ်​နေ​ထိုင်​ခဲ့​၏။ သို့​ဖြစ်​၍​ယာ​ကုပ် ၏​သက်​တမ်း​မှာ​တစ်​ရာ့​လေး​ဆယ်​ခု​နစ် နှစ်​ဖြစ်​သ​တည်း။-

29. သူ​သည်​စု​တေ့​ရ​သော​အ​ချိန်​နီး​လာ​သော အ​ခါ သား​ယော​သပ်​ကို​ခေါ်​၍​ငါ့​အား​သင် မျက်​နှာ​သာ​ပေး​မည်​ဆို​လျှင်``ငါ​၏​ပေါင်​အောက် မှာ​သင်​၏​လက်​ကို​ထား​လျက် သင်​၏​က​ရု​ဏာ နှင့်​သစ္စာ​တ​ရား​ကို​ငါ့​အား​ပြ​မည်​ဟု​က​တိ ပြု​ပါ​လော့။ အ​ဖ​ကို​အီ​ဂျစ်​ပြည်​၌​သင်္ဂြိုဟ် ခြင်း​မ​ပြု​ပါ​နှင့်။-

30. အ​ဖ​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​၍​အ​ဖ​၏ ဘိုး​ဘေး​တို့​သင်္ဂြိုဟ်​ရာ​သင်္ချိုင်း​၌​သင်္ဂြိုဟ်​ပါ လော့'' ဟု​ဆို​၏။ယော​သပ်​က``အ​ဖ​ဆန္ဒ​အ​တိုင်း​ကျွန်​တော်​ဆောင် ရွက်​ပေး​ပါ​မည်'' ဟု​ဝန်​ခံ​လေ​၏။

31. သို့​ရာ​တွင်​ယာ​ကုပ်​က``ဆောင်​ရွက်​ပေး​ပါ​မည်​ဟု ကျိန်​ဆို​လော့'' ဟု​ဆို​သော်​ယော​သပ်​သည်​ကျိန်​ဆို လေ​၏။ ထို​နောက်​ယာ​ကုပ်​သည်​အိပ်​ရာ​၏​ခေါင်း ရင်း​တွင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လေ​၏။

ကမ္ဘာ​ဦး 47