18. ထိုနှစ်ကုန်၍နောက်တစ်နှစ်သို့ရောက်ရှိလာ သောအခါ သူတို့သည်ယောသပ်ထံသို့လာ ကြပြန်၍``ကျွန်တော်တို့လက်တွင်ငွေလည်း ကုန်ကြောင်း၊ တိရစ္ဆာန်များလည်းကိုယ်တော်၏ လက်ဝယ်သို့ရောက်ရှိကြောင်း ကိုယ်တော်အသိ ပင်ဖြစ်ပါသည်။ ယခုကျွန်တော်တို့၏ကိုယ် နှင့်ကျွန်တော်တို့၏လယ်မြေများမှလွဲ၍ ကိုယ်တော်အားပေးရန်အဘယ်အရာမျှ မရှိတော့ပါ။-
19. ကျွန်တော်တို့အစာငတ်၍မသေပါရစေနှင့်။ ကျွန်တော်တို့လယ်များလည်းပျက်ပြုန်းခြင်း မဖြစ်ပါစေနှင့်။ ကျွန်တော်တို့အားရိက္ခာပေး သည့်အတွက် ကျွန်တော်တို့နှင့်ကျွန်တော်တို့၏ လယ်မြေများကိုဝယ်တော်မူပါ။ ကျွန်တော်တို့ သည်ဖာရောဘုရင်ထံ၌ကျွန်ခံပါမည်။ လယ်မြေ များကိုလည်းဘုရင်လက်သို့အပ်ပါမည်။ ကျွန် တော်တို့အသက်မသေစေရန်လည်းကောင်း၊ လယ် များတွင်စိုက်ပျိုးနိုင်ရန်လည်းကောင်းစပါး ကိုပေးတော်မူပါ'' ဟုလျှောက်ကြလေ၏။
20. သို့ဖြစ်၍ယောသပ်သည်အီဂျစ်ပြည်ရှိလယ် မြေအားလုံးကို ဖာရောဘုရင်အတွက်ဝယ် ယူလေ၏။ အစာခေါင်းပါးခြင်းကပ်ဆိုးရွား ခြင်းကြောင့်အီဂျစ်ပြည်သားတိုင်း မိမိ၏ လယ်မြေကိုရောင်းရသဖြင့်လယ်မြေအား လုံးတို့သည်ဘုရင့်ဘဏ္ဍာတော်ဖြစ်လာ၏။-
21. အီဂျစ်ပြည်တစ်စွန်းမှတစ်စွန်းအထိနေ ထိုင်သူအပေါင်းတို့သည်လည်း ဘုရင်၏ ကျွန်ဖြစ်လာကြ၏။-
22. ယဇ်ပုရောဟိတ်တို့သည်ဘုရင်ထံမှရိက္ခာ အထောက်အပံ့ရသူများဖြစ်သောကြောင့် မိမိ တို့လယ်မြေများကိုရောင်းချရန်မလို။ ထို့ ကြောင့်ယောသပ်သည်သူတို့၏လယ်မြေများ ကိုမဝယ်ယူဘဲချန်လှပ်ထားလေသည်။-
23. ယောသပ်ကပြည်သားတို့အား``ယခုငါသည် သင်တို့နှင့်သင်တို့၏လယ်မြေများကိုဘုရင့် အတွက်ဝယ်ယူပြီးပြီ။ သင်တို့၏လယ်များ တွင်စိုက်ပျိုးရန်မျိုးစပါးကိုယူကြလော့။-
24. စပါးရိတ်သိမ်းသည့်အခါငါးပုံတစ်ပုံကို ဘုရင့်ထံဆက်ရမည်။ ကျန်သောစပါးကိုမျိုး စပါးအတွက်နှင့်သင်တို့နှင့်မိသားစုစားသုံး ရန်အတွက်အသုံးပြုကြလော့'' ဟုဆိုလေ၏။
25. ပြည်သားတို့က``ကိုယ်တော်သည်ကျွန်တော်တို့ ၏အသက်ကိုကယ်တော်မူပါပြီ။ ကျွန်တော် တို့သည်ကိုယ်တော်ထံမှမျက်နှာသာရပါ စေသော၊ သနားညှာတာတော်မူပါပြီ။ ကျွန် တော်တို့သည်ဘုရင်ထံ၌ကျွန်ခံပါမည်'' ဟုလျှောက်ကြ၏။-
26. သို့ဖြစ်၍ယောသပ်သည်အီဂျစ်ပြည်တွင် အသီးအနှံထွက်ထဲမှ ငါးပုံတစ်ပုံကို ဖာရော ဘုရင်ထံဆက်ရမည်ဟူသောမြေယာဥပဒေ တစ်ရပ်ကိုပြဋ္ဌာန်းခဲ့လေသည်။ ထိုဥပဒေ သည်ယနေ့တိုင်အောင်အာဏာတည်လျက်ရှိ၏။ ယဇ်ပုရောဟိတ်တို့ပိုင်သောလယ်မြေများသာ လျှင်ထိုဥပဒေမှလွတ်ကင်းခွင့်ရှိသည်။
27. ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်ဂေါရှင်အရပ်၌နေထိုင်ကြစဉ်ကြီး ပွားတိုးတက်၍လူဦးရေအလွန်များပြား လာလေသည်။-
28. ယာကုပ်သည်အီဂျစ်ပြည်တွင်တစ်ဆယ့် ခုနစ်နှစ်နေထိုင်ခဲ့၏။ သို့ဖြစ်၍ယာကုပ် ၏သက်တမ်းမှာတစ်ရာ့လေးဆယ်ခုနစ် နှစ်ဖြစ်သတည်း။-