ကမ္ဘာ​ဦး 47:1-11 Common Language Bible (BCL)

1. သို့​ဖြစ်​၍​ယော​သပ်​သည်​ဖာ​ရော​ဘု​ရင်​ထံ သို့​သွား​လေ​၏။ ယော​သပ်​သည်​ဘု​ရင့်​ထံ​သို့ အ​ခ​စား​ဝင်​၍``ကျွန်​တော်​မျိုး​၏​အ​ဖ​နှင့် အစ်​ကို​တို့​သည်​သိုး​နွား​များ​နှင့်​တ​ကွ သူ တို့​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​များ​ကို​ယူ​ဆောင်​ကာ ခါ​နာန်​ပြည်​မှ​ရောက်​ရှိ​လာ​ကြ​ပါ​ပြီ။ ယ​ခု သူ​တို့​သည်​ဂေါ​ရှင်​အ​ရပ်​တွင်​ရှိ​ပါ​သည်'' ဟု လျှောက်​လေ​၏။-

2. ထို​နောက်​သူ​သည်​အစ်​ကို​ငါး​ယောက်​ကို​ရွေး ယူ​၍ ဘု​ရင်​ထံ​သို့​ဝင်​ရောက်​ခ​စား​စေ​သည်။-

3. ဖာ​ရော​ဘု​ရင်​က​ယော​သပ်​၏​အစ်​ကို​တို့ အား``သင်​တို့​မည်​သည့်​အ​လုပ်​ကို​လုပ်​ကိုင် ကြ​သ​နည်း'' ဟု​မေး​လေ​၏။သူ​တို့​က``ကျွန်​တော်​မျိုး​တို့​သည်​ဘိုး​ဘေး များ​ကဲ့​သို့​သိုး​ထိန်း​များ​ဖြစ်​ကြ​ပါ​သည်။-

4. ခါ​နာန်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး အ​လွန်​ဆိုး​ရွား​လျက်​ရှိ​သ​ဖြင့် သိုး​နွား​တို့ အ​တွက်​စား​ကျက်​မ​ရှိ​ပါ။ သို့​ဖြစ်​၍​ကျွန်​တော် မျိုး​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​ရန်​ရောက်​လာ ကြ​ပါ​သည်။ ကျွန်​တော်​မျိုး​တို့​အား​ဂေါ​ရှင် အရပ်​၌​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​ပါ'' ဟု​လျှောက် ထား​ကြ​လေ​၏။-

5. ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``သင်​၏​အ​ဖ နှင့်​အစ်​ကို​တို့​သည် သင့်​ထံ​သို့​ယ​ခု​ရောက်​ရှိ လာ​ကြ​ပြီ​ဖြစ်​၍၊-

6. အီ​ဂျစ်​ပြည်​တွင်​အ​ကောင်း​ဆုံး​အ​ရပ်​ဖြစ် သော​ဂေါ​ရှင်​ဒေ​သ​၌​နေ​ထိုင်​ကြ​ပါ​စေ။ သူ တို့​အ​နက်​သင့်​တော်​သော​သူ​များ​ရှိ​လျှင် ငါ​၏​သိုး​နွား​အုပ်​အ​ရာ​၌​ခန့်​ထား​လော့'' ဟု​မိန့်​ကြား​လေ​၏။

7. ထို​နောက်​ယော​သပ်​သည်​မိ​မိ​၏​အ​ဖ​ကို​ဘု​ရင် ရှေ့​သို့​ခေါ်​ဆောင်​ခဲ့​၏။ ယာ​ကုပ်​သည်​ဖာ​ရော ဘု​ရင်​အား​ကောင်း​ချီး​ပေး​လေ​၏။-

8. ဘု​ရင်​က​ယာ​ကုပ်​အား``အ​သက်​အ​ရွယ်​မည် မျှ​ရှိ​ပါ​သ​နည်း'' ဟု​မေး​၏။

9. ယာ​ကုပ်​က``ကျွန်​တော်​မျိုး​သည်​လော​က​တွင် ဧည့်​သည်​အာ​ဂန္တု​အ​ဖြစ်​နှစ်​ပေါင်း​တစ်​ရာ့​သုံး ဆယ်​နေ​ထိုင်​ခဲ့​ပါ​ပြီ။ သို့​ရာ​တွင်​ဘိုး​ဘေး တို့​၏​သက်​တမ်း​ကို​မ​မီ​ပါ။ ကျွန်​တော်​မျိုး အ​သက်​ရှင်​ခဲ့​သော​နှစ်​များ​မှာ​တို​၍​ကြမ်း တမ်း​လှ​ပါ​၏'' ဟု​လျှောက်​လေ​၏။-

10. ထို​နောက်​ယာ​ကုပ်​သည်​ဖာ​ရော​ဘု​ရင်​ကို​နှုတ် ဆက်​ကောင်း​ချီး​ပေး​ပြီး​လျှင် ဘု​ရင့်​ထံ​တော် မှ​ထွက်​လာ​ခဲ့​လေ​၏။-

11. ယော​သပ်​သည်​ဖာ​ရော​ဘုရင်​အ​မိန့်​တော်​ရှိ​သည့် အ​တိုင်း​သူ​၏​အ​ဖ​နှင့်​အစ်​ကို​တို့​အား အီ​ဂျစ် ပြည်​ရာ​မ​သက်​မြို့​အ​နီး​ရှိ​အ​ကောင်း​ဆုံး အ​ရပ်​တွင်​မြေ​အ​ပိုင်​ပေး​၍​နေ​ထိုင်​စေ​၏။-

ကမ္ဘာ​ဦး 47