ကမ္ဘာ​ဦး 46:2-18 Common Language Bible (BCL)

2. ည​အ​ချိန်​၌​သူ​မြင်​ရ​သော​ရူ​ပါ​ရုံ​တွင် ဘု​ရား​သ​ခင်​က``ယာ​ကုပ်၊ ယာ​ကုပ်'' ဟု​ခေါ် တော်​မူ​၏။``အ​ကျွန်ုပ်​ရှိ​ပါ​သည်​အ​ရှင်​ဘု​ရား'' ဟု ယာ​ကုပ်​ထူး​လေ​၏။

3. ဘု​ရား​သ​ခင်​က``ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ် ၏။ သင့်​အ​ဖ​၏​ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​သည် အီ​ဂျစ်​ပြည်​သို့​သွား​ရ​မည်​ကို​မ​စိုး​ရိမ်​နှင့်။ ထို​ပြည်​တွင်​ငါ​သည်​သင်​၏​အ​ဆက်​အ​နွယ် တို့​အား​လူ​မျိုး​ကြီး​ဖြစ်​လာ​စေ​မည်။-

4. ငါ​သည်​သင်​နှင့်​အ​တူ​အီ​ဂျစ်​ပြည်​သို့​ကြွ​သွား မည်။ ငါ​ကိုယ်​တိုင်​သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို ဤ​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင်​ခဲ့​မည်။ သင်​သည် ယော​သပ်​၏​ပြု​စု​ခြင်း​ကို​ခံ​လျက်​စု​တေ​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

5. ထို​နောက်​ယာ​ကုပ်​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​မှ ထွက်​လာ​ခဲ့​လေ​သည်။ သူ​၏​သား​တို့​သည်​မိ​မိ တို့​၏​အ​ဖ​ယာ​ကုပ်၊ သူ​တို့​၏​မ​ယား​များ၊ သား သ​မီး​ငယ်​များ​အား​ဖာ​ရော​ဘု​ရင်​ပို့​လိုက် သော​လှည်း​များ​ကို​စီး​စေ​ကြ​၏။-

8. ယာ​ကုပ်​နှင့်​အ​တူ​အီ​ဂျစ်​ပြည်​သို့​သွား​ရောက် ကြ​သော မိ​သား​စု​တို့​၏​နာ​မည်​စာ​ရင်း​ကို ဖော်​ပြ​ပေ​အံ့။ သား​ဦး​ရု​ဗင်​နှင့်၊-

9. ရု​ဗင်​၏​သား​များ​ဖြစ်​ကြ​သော ဟာ​နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ၊-

10. ရှိ​မောင်​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော​ယေ မွေ​လ၊ ယာ​မိန်၊ သြ​ဟဒ်၊ ယာ​ခိန်၊ ဇော​ဟာ၊ ခါ​နာန် အ​မျိုး​သ​မီး​နှင့်​ရ​သော​သား​ရှော​လ။-

11. လေ​ဝိ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော​ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ။-

12. ယု​ဒ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော​ရှေ​လ၊ ဖာ​ရက်၊ ဇာ​ရ (ယု​ဒ​၏​အ​ခြား​သား​များ​ဖြစ် ကြ​သော​ဧရ​နှင့်​သြ​နန်​တို့​သည်​ခါ​နာန်​ပြည် ၌​သေ​ဆုံး​ကြ​၏။) ဖာ​ရက်​၏​သား​များ​ဖြစ် ကြ​သော​ဟေ​ဇ​ရုံ​နှင့်​ဟာ​မု​လ။-

13. ဣ​သ​ခါ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော တော​လ၊ ဖု​ဝါ၊ ယော​ဘ၊ ရှိ​မ​ရုန်။-

14. ဇာ​ဗု​လုန်​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော သ​ရက်၊ ဧ​လုန်၊ ယာ​လေ​လ။-

15. ဤ​သူ​တို့​သည်​ယာ​ကုပ်​နှင့်​မ​ယား​လေ​အာ တို့​မှ​မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း တွင်​ပေါက်​ဖွား​သော​သား​နှင့်​မြေး​များ​ဖြစ် ကြ​သည်။ ထို​သား​တို့​အ​ပြင်​သ​မီး​ဒိ​န​ရှိ သေး​၏။ ထို့​ကြောင့်​လေ​အာ​မှ​ပေါက်​ဖွား​သော သား​မြေး​စု​စု​ပေါင်း​မှာ​သုံး​ဆယ့်​သုံး​ယောက် ရှိ​သ​တည်း။

16. ဂဒ်​နှင့်​သူ​၏​သား​ဖြစ်​ကြ​သော​ဇိ​ဖျုန်၊ ဟ္ဂိ၊ ရှု​နိ၊ ဧ​ဇ​ဗုန်၊ ဧ​ရိ၊ အ​ရော​ဒိ၊ အ​ရေ​လိ။-

17. အာ​ရှာ​နှင့်​သူ​၏​သား​သ​မီး​များ​ဖြစ်​ကြ​သော ယိ​မ​န၊ ဣ​ရွှာ၊ ဣ​ရွှိ၊ ဗေ​ရိ​ယ​နှင့်​သူ​တို့​၏​နှ​မ စေ​ရ။ ဗေ​ရိ​ယ​၏​သား​များ​ဖြစ်​ကြ​သော​ဟေ​ဗာ နှင့်​မာ​လ​ချေ​လ။-

18. ဤ​သူ​တစ်​ဆယ့်​ခြောက်​ယောက်​တို့​သည်​လာ​ဗန်​က သူ​၏​သ​မီး​လေ​အာ​အား​ပေး​အပ်​သော​အ​ထိန်း ဇိ​လ​ပ​နှင့် ယာ​ကုပ်​တို့​မှ​ပေါက်​ဖွား​သော​သား သမီး​နှင့်​မြေး​များ​ဖြစ်​ကြ​သ​တည်း။

ကမ္ဘာ​ဦး 46