ကမ္ဘာ​ဦး 46:18-30 Common Language Bible (BCL)

18. ဤ​သူ​တစ်​ဆယ့်​ခြောက်​ယောက်​တို့​သည်​လာ​ဗန်​က သူ​၏​သ​မီး​လေ​အာ​အား​ပေး​အပ်​သော​အ​ထိန်း ဇိ​လ​ပ​နှင့် ယာ​ကုပ်​တို့​မှ​ပေါက်​ဖွား​သော​သား သမီး​နှင့်​မြေး​များ​ဖြစ်​ကြ​သ​တည်း။

19. ယာ​ကုပ်​၏​မ​ယား​ရာ​ခေ​လ​သည် သား​များ ဖြစ်​ကြ​သော​ယော​သပ်​နှင့်​ဗင်္ယာ​မိန်​တို့​ကို ဖွား​မြင်​၏။-

20. ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ရှိ​သြ​န​မြို့​မှ​ယဇ် ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ​၏​သ​မီး​အာ​သ​နတ် နှင့်​သား​နှစ်​ယောက်​ဖြစ်​ကြ​သော​မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​ကို​ရ​သည်။-

21. ဗင်္ယာ​မိန်​၏​သား​များ​ဖြစ်​ကြ​သော​ဗေ​လ၊ ဗေ​ခါ၊ အာ​ရှာ​ဗေ​လ၊ ဂေ​ရ၊ နေ​မန်၊ ဧ​ဟိ၊ ရော​ရှ၊ မု​ပိမ်၊ ဟု​ပိမ်၊ အာ​ရ​ဒ။-

22. ဤ​သူ​တစ်​ဆယ့်​လေး​ယောက်​တို့​သည်​ယာ​ကုပ် နှင့်​ရာ​ခေ​လ​တို့​မှ​ပေါက်​ဖွား​သော​သား​မြေး များ​ဖြစ်​ကြ​သ​တည်း။

23. ဒန်​နှင့်​သူ​၏​သား​ဟု​ရှိမ်၊-

24. န​ဿ​လိ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော ယာ​ဇေ​လ၊ ဂု​နိ၊ ယေ​ဇာ၊ ရှိ​လင်။-

25. ဤ​သူ​ခု​နစ်​ယောက်​တို့​သည်​လာ​ဗန်​က​သူ့ သ​မီး​ရာ​ခေ​လ​အား​ပေး​အပ်​သော​အ​ထိန်း ဗိ​လ​ဟာ​နှင့်​ယာ​ကုပ်​တို့​မှ​ပေါက်​ဖွား​သော သား​မြေး​များ​ဖြစ်​ကြ​သ​တည်း။

26. ယာ​ကုပ်​၏​ချွေး​မ​များ​မှ​အ​ပ​အီ​ဂျစ်​ပြည် သို့​သွား​ရောက်​သော​ယာ​ကုပ်​၏​သွေး​ရင်း​သား ရင်း​စု​စု​ပေါင်း​မှာ​ခြောက်​ဆယ့်​ခြောက်​ယောက် ရှိ​သ​တည်း။-

27. အီ​ဂျစ်​ပြည်​တွင်​ယော​သပ်​၌​သား​နှစ်​ယောက် ဖွား​မြင်​၏။ သို့​ဖြစ်​၍​အီ​ဂျစ်​ပြည်​သို့​သွား ရောက်​သော ယာ​ကုပ်​၏​မိ​သား​စု​ဦး​ရေ​မှာ လူ​ပေါင်း​ခု​နစ်​ဆယ်​ယောက်​ဖြစ်​သ​တည်း။

28. ယာ​ကုပ်​သည်​ဂေါ​ရှင်​အ​ရပ်​၌​မိ​မိ​နှင့်​တွေ့ ဆုံ​ရန်​ယု​ဒ​ကို​ကြို​တင်​စေ​လွှတ်​၍ ယော​သပ် အား​ပြော​စေ​၏။ သူ​တို့​သည်​ဂေါ​ရှင်​အ​ရပ် သို့​ရောက်​ရှိ​ကြ​၏။-

29. ယော​သပ်​သည်​အ​ဖ​ဣ​သ​ရေ​လ​အား​ကြို​ဆို ရန်​ဂေါ​ရှင်​အ​ရပ်​သို့​ရ​ထား​ဖြင့်​သွား​လေ​၏။ ဖ​ခင်​ရှေ့​သို့​ရောက်​သော​အ​ခါ​ဖ​ခင်​ကို​ဖက် ၍​ကြာ​ရှည်​စွာ​ငို​ကြွေး​လေ​၏။-

30. ယာ​ကုပ်​က​ယော​သပ်​အား``ငါ​သည်​သင့်​မျက်​နှာ ကို​မြင်​ရ​၍​သင်​အ​သက်​ရှင်​လျက်​ရှိ​သေး​သည် ကို​သိ​ရ​သ​ဖြင့်​သေ​ပျော်​ပါ​ပြီ'' ဟု​ဆို​လေ​၏။

ကမ္ဘာ​ဦး 46