ကမ္ဘာ​ဦး 46:15-26 Common Language Bible (BCL)

15. ဤ​သူ​တို့​သည်​ယာ​ကုပ်​နှင့်​မ​ယား​လေ​အာ တို့​မှ​မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း တွင်​ပေါက်​ဖွား​သော​သား​နှင့်​မြေး​များ​ဖြစ် ကြ​သည်။ ထို​သား​တို့​အ​ပြင်​သ​မီး​ဒိ​န​ရှိ သေး​၏။ ထို့​ကြောင့်​လေ​အာ​မှ​ပေါက်​ဖွား​သော သား​မြေး​စု​စု​ပေါင်း​မှာ​သုံး​ဆယ့်​သုံး​ယောက် ရှိ​သ​တည်း။

16. ဂဒ်​နှင့်​သူ​၏​သား​ဖြစ်​ကြ​သော​ဇိ​ဖျုန်၊ ဟ္ဂိ၊ ရှု​နိ၊ ဧ​ဇ​ဗုန်၊ ဧ​ရိ၊ အ​ရော​ဒိ၊ အ​ရေ​လိ။-

17. အာ​ရှာ​နှင့်​သူ​၏​သား​သ​မီး​များ​ဖြစ်​ကြ​သော ယိ​မ​န၊ ဣ​ရွှာ၊ ဣ​ရွှိ၊ ဗေ​ရိ​ယ​နှင့်​သူ​တို့​၏​နှ​မ စေ​ရ။ ဗေ​ရိ​ယ​၏​သား​များ​ဖြစ်​ကြ​သော​ဟေ​ဗာ နှင့်​မာ​လ​ချေ​လ။-

18. ဤ​သူ​တစ်​ဆယ့်​ခြောက်​ယောက်​တို့​သည်​လာ​ဗန်​က သူ​၏​သ​မီး​လေ​အာ​အား​ပေး​အပ်​သော​အ​ထိန်း ဇိ​လ​ပ​နှင့် ယာ​ကုပ်​တို့​မှ​ပေါက်​ဖွား​သော​သား သမီး​နှင့်​မြေး​များ​ဖြစ်​ကြ​သ​တည်း။

19. ယာ​ကုပ်​၏​မ​ယား​ရာ​ခေ​လ​သည် သား​များ ဖြစ်​ကြ​သော​ယော​သပ်​နှင့်​ဗင်္ယာ​မိန်​တို့​ကို ဖွား​မြင်​၏။-

20. ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ရှိ​သြ​န​မြို့​မှ​ယဇ် ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ​၏​သ​မီး​အာ​သ​နတ် နှင့်​သား​နှစ်​ယောက်​ဖြစ်​ကြ​သော​မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​ကို​ရ​သည်။-

21. ဗင်္ယာ​မိန်​၏​သား​များ​ဖြစ်​ကြ​သော​ဗေ​လ၊ ဗေ​ခါ၊ အာ​ရှာ​ဗေ​လ၊ ဂေ​ရ၊ နေ​မန်၊ ဧ​ဟိ၊ ရော​ရှ၊ မု​ပိမ်၊ ဟု​ပိမ်၊ အာ​ရ​ဒ။-

22. ဤ​သူ​တစ်​ဆယ့်​လေး​ယောက်​တို့​သည်​ယာ​ကုပ် နှင့်​ရာ​ခေ​လ​တို့​မှ​ပေါက်​ဖွား​သော​သား​မြေး များ​ဖြစ်​ကြ​သ​တည်း။

23. ဒန်​နှင့်​သူ​၏​သား​ဟု​ရှိမ်၊-

24. န​ဿ​လိ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော ယာ​ဇေ​လ၊ ဂု​နိ၊ ယေ​ဇာ၊ ရှိ​လင်။-

25. ဤ​သူ​ခု​နစ်​ယောက်​တို့​သည်​လာ​ဗန်​က​သူ့ သ​မီး​ရာ​ခေ​လ​အား​ပေး​အပ်​သော​အ​ထိန်း ဗိ​လ​ဟာ​နှင့်​ယာ​ကုပ်​တို့​မှ​ပေါက်​ဖွား​သော သား​မြေး​များ​ဖြစ်​ကြ​သ​တည်း။

26. ယာ​ကုပ်​၏​ချွေး​မ​များ​မှ​အ​ပ​အီ​ဂျစ်​ပြည် သို့​သွား​ရောက်​သော​ယာ​ကုပ်​၏​သွေး​ရင်း​သား ရင်း​စု​စု​ပေါင်း​မှာ​ခြောက်​ဆယ့်​ခြောက်​ယောက် ရှိ​သ​တည်း။-

ကမ္ဘာ​ဦး 46