12. ယုဒနှင့်သူ၏သားများဖြစ်ကြသောရှေလ၊ ဖာရက်၊ ဇာရ (ယုဒ၏အခြားသားများဖြစ် ကြသောဧရနှင့်သြနန်တို့သည်ခါနာန်ပြည် ၌သေဆုံးကြ၏။) ဖာရက်၏သားများဖြစ် ကြသောဟေဇရုံနှင့်ဟာမုလ။-
13. ဣသခါနှင့်သူ၏သားများဖြစ်ကြသော တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။-
14. ဇာဗုလုန်နှင့်သူ၏သားများဖြစ်ကြသော သရက်၊ ဧလုန်၊ ယာလေလ။-
15. ဤသူတို့သည်ယာကုပ်နှင့်မယားလေအာ တို့မှမက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်း တွင်ပေါက်ဖွားသောသားနှင့်မြေးများဖြစ် ကြသည်။ ထိုသားတို့အပြင်သမီးဒိနရှိ သေး၏။ ထို့ကြောင့်လေအာမှပေါက်ဖွားသော သားမြေးစုစုပေါင်းမှာသုံးဆယ့်သုံးယောက် ရှိသတည်း။
16. ဂဒ်နှင့်သူ၏သားဖြစ်ကြသောဇိဖျုန်၊ ဟ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ။-
17. အာရှာနှင့်သူ၏သားသမီးများဖြစ်ကြသော ယိမန၊ ဣရွှာ၊ ဣရွှိ၊ ဗေရိယနှင့်သူတို့၏နှမ စေရ။ ဗေရိယ၏သားများဖြစ်ကြသောဟေဗာ နှင့်မာလချေလ။-