ကမ္ဘာ​ဦး 45:7-19 Common Language Bible (BCL)

7. ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​သင်​တို့​၏​သား မြေး​များ​အ​သက်​ရှင်​ကျန်​ရစ်​စေ​ရန် ဤ​သို့​အံ့​သြ ဖွယ်​ကောင်း​သော​နည်း​ဖြင့် သင်​တို့​ကို​ကယ်​ဆယ်​စေ ခြင်း​ငှာ​ကျွန်ုပ်​ကို​အ​လျင်​စေ​လွှတ်​တော်​မူ​ပြီ။-

8. သို့​ဖြစ်​၍​သင်​တို့​သည်​ကျွန်ုပ်​အား​ဤ​အ​ရပ်​သို့ စေ​လွှတ်​လိုက်​ခြင်း​မ​ဟုတ်၊ ဘု​ရား​သ​ခင်​က​စေ လွှတ်​တော်​မူ​ခြင်း​ပင်​ဖြစ်​သည်။ ဘု​ရား​သ​ခင် သည်​ကျွန်ုပ်​ကို​ဤ​တိုင်း​ပြည်​၏​ဘုရင်​ခံ​အ​ရာ​၌ ခန့်​ထား​တော်​မူ​ပြီ။ ကျွန်ုပ်​သည်​အီ​ဂျစ်​ပြည် တစ်​ပြည်​လုံး​ကို​အုပ်​ချုပ်​ရ​သူ​ဖြစ်​၏။

9. ယ​ခု​သင်​တို့​သည်​ဖ​ခင်​ထံ​သို့​အ​လျင်​အ​မြန် သွား​၍ ဖ​ခင်​အား`ဘု​ရား​သ​ခင်​သည်​သား ယော​သပ်​အား အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​ရ​သော​မင်း​အ​ရာ​၌​ခန့်​ထား​တော် မူ​ပြီ။ သား​ထံ​သို့​အ​မြန်​လာ​ပါ​လော့။-

10. ဖ​ခင်​နှင့်​တ​ကွ​သား​သ​မီး၊ မြေး​များ၊ သိုး၊ ဆိတ်၊ နွား​မှ​စ​သော​ဖ​ခင်​ပိုင်​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​တို့ ကို​ယူ​ဆောင်​၍​သား​နှင့်​အ​နီး​ဂေါ​ရှင်​အရပ်​၌ နေ​ထိုင်​ပါ​လော့။-

11. ဂေါ​ရှင်​အ​ရပ်​သို့​ရောက်​လျှင်​သား​က​ဖ​ခင်​အား ပြု​စု​စောင့်​ရှောက်​နိုင်​ပါ​မည်။ အ​စာ​ခေါင်း​ပါး​သည့် နှစ်​ငါးနှစ်​ကျန်​သေး​သ​ဖြင့်​ဖ​ခင်​၏​အိမ်​သူ​အိမ် သား​များ​နှင့်​သိုး၊ ဆိတ်၊ နွား​များ​ပါ​မ​ကျန်​ရိက္ခာ ပြတ်​၍​ဆင်း​ရဲ​ဒုက္ခ​မ​ရောက်​စေ​လို​ပါ'' ဟူ​၍ ဆို​လေ​၏။

12. ယော​သပ်​က​ဆက်​လက်​၍``သင်​တို့​အား​ယ​ခု​စကား ပြော​နေ​သူ​သည်​ယော​သပ်​ပင်​ဖြစ်​ကြောင်း ဗင်္ယာ​မိန် အ​ပါ​အ​ဝင်​သင်​တို့​အား​လုံး​က​မျက်​စိ​ဖြင့် မြင်​နိုင်​ပါ​ပြီ။-

13. ကျွန်ုပ်​သည်​အီ​ဂျစ်​ပြည်​တွင်​မည်​မျှ​လောက်​တန်​ခိုး ကြီး​ပုံ​နှင့် သင်​တို့​တွေ့​မြင်​သ​မျှ​အ​ကြောင်း​ကို ဖ​ခင်​အား​ပြော​ပြ​ကြ​ပါ​လော့။ ဖ​ခင်​ကို​လည်း ဤ​အ​ရပ်​သို့​အ​လျင်​အ​မြန်​ခေါ်​ဆောင်​ခဲ့​ကြ ပါ​လော့'' ဟု​ထပ်​မံ​မှာ​ကြား​လေ​၏။

14. ထို​သို့​မှာ​ကြား​ပြီး​နောက်​ညီ​ဗင်္ယာ​မိန်​ကို​ဖက်​၍ ငို​၏။ ဗင်္ယာ​မိန်​က​လည်း​ယော​သပ်​ကို​ဖက်​၍​ငို​၏။-

15. ထို​နောက်​အစ်​ကို​တစ်​ယောက်​စီ​ကို​လည်း​ဖက်​နမ်း​၍ ငို​လေ​သည်။ ထို​နောက်​ညီ​အစ်​ကို​တို့​သည်​ယော​သပ် နှင့်​ရင်း​နှီး​စွာ​စကား​ပြော​ဆို​ကြ​၏။

16. ယော​သပ်​၏​ညီ​အစ်​ကို​တို့​ရောက်​ရှိ​လာ​သော​သ​တင်း ကို​ကြား​ရ​သော​အ​ခါ ဖာ​ရော​ဘု​ရင်​နှင့်​မှူး​မတ် အ​ပေါင်း​တို့​သည်​နှစ်​ထောင်း​အား​ရ​ကြ​၏။-

17. ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``သင်​၏​ညီ​အစ်​ကို တို့​အား မြည်း​များ​ပေါ်​တွင်​ပစ္စည်း​များ​တင်​ဆောင် ၍​ခါ​နာန်​ပြည်​သို့​ပြန်​စေ​ပြီး​လျှင်၊-

18. သူ​တို့​၏​အ​ဖ​နှင့်​မိ​သား​စု​များ​ကို​ဤ​ပြည်​သို့ ခေါ်​ဆောင်​ခဲ့​ကြ​စေ။ ငါ​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​တွင်​အ​သင့်​တော်​ဆုံး​သော​အ​ရပ်​၌​နေ​ထိုင် စေ​မည်။ သူ​တို့​သည်​ဝ​လင်​စွာ​စား​သောက်​ရ​ကြ လိမ့်​မည်။-

19. သူ​တို့​၏​သား​မ​ယား​များ​ကို​တင်​ဆောင်​လာ​ရန် အ​တွက် အီ​ဂျစ်​ပြည်​မှ​လှည်း​များ​ကို​လည်း​ယူ သွား​ကြ​ပါ​စေ။-

ကမ္ဘာ​ဦး 45