ကမ္ဘာ​ဦး 45:26-28 Common Language Bible (BCL)

26. သူ​တို့​က``ယော​သပ်​သည်​အ​သက်​ရှင်​လျက်​ရှိ​ပါ သေး​၏။ သူ​သည်​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​သော​မင်း​ဖြစ်​နေ​ပါ​၏'' ဟု​ဆို​ကြ​သော် ယာ​ကုပ်​သည်​လွန်​စွာ​အံ့​အား​သင့်​လျက်​မ​ယုံ နိုင်​ဖြစ်​လေ​၏။

27. သို့​ရာ​တွင်​သား​တို့​က​ယော​သပ်​ပြော​သ​မျှ စ​ကား​တို့​ကို​သူ့​အား​ပြန်​ပြော​ကြ​သော အ​ခါ​နှင့်၊ သူ့​ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် လာ​ရန်​ယော​သပ်​က​ပို့​လိုက်​သော​လှည်း​များ ကို​မြင်​ရ​သော​အ​ခါ သူ​သည်​အံ့​အား​သင့် ရာ​မှ​ပြန်​လည်​သ​တိ​ရ​လျက်၊-

28. ငါ့​သား​ယော​သပ်​အ​သက်​ရှင်​သေး​သ​ဖြင့် ငါ​တောင်း​သော​ဆု​ပြည့်​လေ​ပြီ။ ငါ​မ​သေ မီ​သူ့​ကို​တွေ့​ရန်​သူ့​ထံ​သို့​သွား​ရ​မည်'' ဟု​ဆို​လေ​၏။

ကမ္ဘာ​ဦး 45