20. သူတို့ချန်ခဲ့ရသည့်ပစ္စည်းများအတွက်နှမြော ခြင်းမဖြစ်ကြစေနှင့်။ အီဂျစ်ပြည်တွင်ရှိသမျှ သောစည်းစိမ်ဥစ္စာသည်သူတို့၏စည်းစိမ်ဥစ္စာ ဖြစ်မည်'' ဟုမိန့်မြွက်လေ၏။
21. ယာကုပ်၏သားတို့သည်ဖာရောဘုရင်မိန့်သမျှ အတိုင်းဆောင်ရွက်ကြ၏။ ယောသပ်သည်ဖာရော ဘုရင်အမိန့်အရသူတို့အားလှည်းများနှင့် လမ်းခရီးတွင်စားသုံးရန်ရိက္ခာကိုပေးလေ၏။-
22. သူသည်ညီအစ်ကိုတစ်ယောက်စီတစ်ယောက် စီတို့အားအဝတ်အထည်တစ်စုံကျပေး၏။ ဗင်္ယာမိန်အတွက်မူကားငွေသားသုံးရာနှင့် အဝတ်အထည်ငါးစုံပေးလေ၏။-
23. သူ၏အဖအတွက်မြည်းဆယ်ကောင်ပေါ်တွင် အီဂျစ်ပြည်မှအကောင်းဆုံးပစ္စည်းများကို လည်းကောင်း၊ အခြားမြည်းဆယ်ကောင်ပေါ်တွင် အဖလမ်းခရီး၌စားရန်စပါးနှင့်အခြား စားဖွယ်ရာများကိုလည်းကောင်းတင်ပေး လိုက်၏။-
24. ထိုနောက်သူသည်ညီအစ်ကိုတို့ကိုလမ်းခရီး တွင် အချင်းချင်းမသင့်မတင့်မဖြစ်ကြရန် မှာကြားပြီးလျှင်ခါနာန်ပြည်သို့ပြန်စေ၏။
25. သူတို့သည်အီဂျစ်ပြည်မှထွက်ခွာ၍ ခါနာန် ပြည်ရှိအဖထံသို့ရောက်လာကြ၏။-
26. သူတို့က``ယောသပ်သည်အသက်ရှင်လျက်ရှိပါ သေး၏။ သူသည်အီဂျစ်ပြည်တစ်ပြည်လုံးကို အုပ်စိုးသောမင်းဖြစ်နေပါ၏'' ဟုဆိုကြသော် ယာကုပ်သည်လွန်စွာအံ့အားသင့်လျက်မယုံ နိုင်ဖြစ်လေ၏။
27. သို့ရာတွင်သားတို့ကယောသပ်ပြောသမျှ စကားတို့ကိုသူ့အားပြန်ပြောကြသော အခါနှင့်၊ သူ့ကိုအီဂျစ်ပြည်သို့ခေါ်ဆောင် လာရန်ယောသပ်ကပို့လိုက်သောလှည်းများ ကိုမြင်ရသောအခါ သူသည်အံ့အားသင့် ရာမှပြန်လည်သတိရလျက်၊-
28. ငါ့သားယောသပ်အသက်ရှင်သေးသဖြင့် ငါတောင်းသောဆုပြည့်လေပြီ။ ငါမသေ မီသူ့ကိုတွေ့ရန်သူ့ထံသို့သွားရမည်'' ဟုဆိုလေ၏။