ကမ္ဘာ​ဦး 45:19-28 Common Language Bible (BCL)

19. သူ​တို့​၏​သား​မ​ယား​များ​ကို​တင်​ဆောင်​လာ​ရန် အ​တွက် အီ​ဂျစ်​ပြည်​မှ​လှည်း​များ​ကို​လည်း​ယူ သွား​ကြ​ပါ​စေ။-

20. သူ​တို့​ချန်​ခဲ့​ရ​သည့်​ပစ္စည်း​များ​အ​တွက်​နှ​မြော ခြင်း​မ​ဖြစ်​ကြ​စေ​နှင့်။ အီ​ဂျစ်​ပြည်​တွင်​ရှိ​သ​မျှ သော​စည်း​စိမ်​ဥစ္စာ​သည်​သူ​တို့​၏​စည်း​စိမ်​ဥစ္စာ ဖြစ်​မည်'' ဟု​မိန့်​မြွက်​လေ​၏။

21. ယာ​ကုပ်​၏​သား​တို့​သည်​ဖာ​ရော​ဘု​ရင်​မိန့်​သ​မျှ အ​တိုင်း​ဆောင်​ရွက်​ကြ​၏။ ယော​သပ်​သည်​ဖာ​ရော ဘု​ရင်​အ​မိန့်​အ​ရ​သူ​တို့​အား​လှည်း​များ​နှင့် လမ်း​ခရီး​တွင်​စား​သုံး​ရန်​ရိက္ခာ​ကို​ပေး​လေ​၏။-

22. သူ​သည်​ညီ​အစ်​ကို​တစ်​ယောက်​စီ​တစ်​ယောက် စီ​တို့​အား​အ​ဝတ်​အ​ထည်​တစ်​စုံ​ကျ​ပေး​၏။ ဗင်္ယာ​မိန်​အ​တွက်​မူ​ကား​ငွေ​သား​သုံး​ရာ​နှင့် အ​ဝတ်​အ​ထည်​ငါး​စုံ​ပေး​လေ​၏။-

23. သူ​၏​အ​ဖ​အ​တွက်​မြည်း​ဆယ်​ကောင်​ပေါ်​တွင် အီ​ဂျစ်​ပြည်​မှ​အ​ကောင်း​ဆုံး​ပစ္စည်း​များ​ကို လည်း​ကောင်း၊ အ​ခြား​မြည်း​ဆယ်​ကောင်​ပေါ်​တွင် အ​ဖ​လမ်း​ခ​ရီး​၌​စား​ရန်​စပါး​နှင့်​အ​ခြား စား​ဖွယ်​ရာ​များ​ကို​လည်း​ကောင်း​တင်​ပေး လိုက်​၏။-

24. ထို​နောက်​သူ​သည်​ညီ​အစ်​ကို​တို့​ကို​လမ်း​ခ​ရီး တွင် အ​ချင်း​ချင်း​မ​သင့်​မ​တင့်​မ​ဖြစ်​ကြ​ရန် မှာ​ကြား​ပြီး​လျှင်​ခါ​နာန်​ပြည်​သို့​ပြန်​စေ​၏။

25. သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​၍ ခါ​နာန် ပြည်​ရှိ​အ​ဖ​ထံ​သို့​ရောက်​လာ​ကြ​၏။-

26. သူ​တို့​က``ယော​သပ်​သည်​အ​သက်​ရှင်​လျက်​ရှိ​ပါ သေး​၏။ သူ​သည်​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​သော​မင်း​ဖြစ်​နေ​ပါ​၏'' ဟု​ဆို​ကြ​သော် ယာ​ကုပ်​သည်​လွန်​စွာ​အံ့​အား​သင့်​လျက်​မ​ယုံ နိုင်​ဖြစ်​လေ​၏။

27. သို့​ရာ​တွင်​သား​တို့​က​ယော​သပ်​ပြော​သ​မျှ စ​ကား​တို့​ကို​သူ့​အား​ပြန်​ပြော​ကြ​သော အ​ခါ​နှင့်၊ သူ့​ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် လာ​ရန်​ယော​သပ်​က​ပို့​လိုက်​သော​လှည်း​များ ကို​မြင်​ရ​သော​အ​ခါ သူ​သည်​အံ့​အား​သင့် ရာ​မှ​ပြန်​လည်​သ​တိ​ရ​လျက်၊-

28. ငါ့​သား​ယော​သပ်​အ​သက်​ရှင်​သေး​သ​ဖြင့် ငါ​တောင်း​သော​ဆု​ပြည့်​လေ​ပြီ။ ငါ​မ​သေ မီ​သူ့​ကို​တွေ့​ရန်​သူ့​ထံ​သို့​သွား​ရ​မည်'' ဟု​ဆို​လေ​၏။

ကမ္ဘာ​ဦး 45