ကမ္ဘာ​ဦး 45:13-20 Common Language Bible (BCL)

13. ကျွန်ုပ်​သည်​အီ​ဂျစ်​ပြည်​တွင်​မည်​မျှ​လောက်​တန်​ခိုး ကြီး​ပုံ​နှင့် သင်​တို့​တွေ့​မြင်​သ​မျှ​အ​ကြောင်း​ကို ဖ​ခင်​အား​ပြော​ပြ​ကြ​ပါ​လော့။ ဖ​ခင်​ကို​လည်း ဤ​အ​ရပ်​သို့​အ​လျင်​အ​မြန်​ခေါ်​ဆောင်​ခဲ့​ကြ ပါ​လော့'' ဟု​ထပ်​မံ​မှာ​ကြား​လေ​၏။

14. ထို​သို့​မှာ​ကြား​ပြီး​နောက်​ညီ​ဗင်္ယာ​မိန်​ကို​ဖက်​၍ ငို​၏။ ဗင်္ယာ​မိန်​က​လည်း​ယော​သပ်​ကို​ဖက်​၍​ငို​၏။-

15. ထို​နောက်​အစ်​ကို​တစ်​ယောက်​စီ​ကို​လည်း​ဖက်​နမ်း​၍ ငို​လေ​သည်။ ထို​နောက်​ညီ​အစ်​ကို​တို့​သည်​ယော​သပ် နှင့်​ရင်း​နှီး​စွာ​စကား​ပြော​ဆို​ကြ​၏။

16. ယော​သပ်​၏​ညီ​အစ်​ကို​တို့​ရောက်​ရှိ​လာ​သော​သ​တင်း ကို​ကြား​ရ​သော​အ​ခါ ဖာ​ရော​ဘု​ရင်​နှင့်​မှူး​မတ် အ​ပေါင်း​တို့​သည်​နှစ်​ထောင်း​အား​ရ​ကြ​၏။-

17. ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``သင်​၏​ညီ​အစ်​ကို တို့​အား မြည်း​များ​ပေါ်​တွင်​ပစ္စည်း​များ​တင်​ဆောင် ၍​ခါ​နာန်​ပြည်​သို့​ပြန်​စေ​ပြီး​လျှင်၊-

18. သူ​တို့​၏​အ​ဖ​နှင့်​မိ​သား​စု​များ​ကို​ဤ​ပြည်​သို့ ခေါ်​ဆောင်​ခဲ့​ကြ​စေ။ ငါ​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​တွင်​အ​သင့်​တော်​ဆုံး​သော​အ​ရပ်​၌​နေ​ထိုင် စေ​မည်။ သူ​တို့​သည်​ဝ​လင်​စွာ​စား​သောက်​ရ​ကြ လိမ့်​မည်။-

19. သူ​တို့​၏​သား​မ​ယား​များ​ကို​တင်​ဆောင်​လာ​ရန် အ​တွက် အီ​ဂျစ်​ပြည်​မှ​လှည်း​များ​ကို​လည်း​ယူ သွား​ကြ​ပါ​စေ။-

20. သူ​တို့​ချန်​ခဲ့​ရ​သည့်​ပစ္စည်း​များ​အ​တွက်​နှ​မြော ခြင်း​မ​ဖြစ်​ကြ​စေ​နှင့်။ အီ​ဂျစ်​ပြည်​တွင်​ရှိ​သ​မျှ သော​စည်း​စိမ်​ဥစ္စာ​သည်​သူ​တို့​၏​စည်း​စိမ်​ဥစ္စာ ဖြစ်​မည်'' ဟု​မိန့်​မြွက်​လေ​၏။

ကမ္ဘာ​ဦး 45