6. အိမ်တော်ဝန်သည်ထိုသူတို့နောက်သို့လိုက်၍ မီသောအခါ ယောသပ်မှာကြားလိုက်သည့် အတိုင်းသူတို့အားပြောလေ၏။-
7. ထိုအခါသူတို့က``အရှင်၊ ကျွန်တော်တို့ကို ဤသို့မစွပ်စွဲပါနှင့်။ ကျွန်တော်တို့သည်ထို သို့သောပြစ်မှုကိုမကူးလွန်ကြောင်းကျိန် ဆိုပါသည်။-
8. ကျွန်တော်တို့၏အိတ်ဝများ၌တွေ့ရှိသော ငွေကိုပင် ခါနာန်ပြည်မှပြန်၍ယူခဲ့ကြောင်း အရှင်သိပါသည်။ သို့ဖြစ်၍ကျွန်တော်တို့ သည်ဘုရင်ခံ၏အိမ်မှရွှေငွေကိုအဘယ် ကြောင့်ခိုးယူရပါမည်နည်း။-