28. သားတစ်ယောက်မှာမရှိတော့ပြီ။ သူသည်သားရဲ တိရစ္ဆာန်တို့၏ကိုက်ဖြတ်ခြင်းကိုခံခဲ့ရလေပြီ။ ထို့ကြောင့်ငါသည်ယနေ့ထက်တိုင်သူ့ကိုမမြင်ရ။-
29. ယခုဤသားကိုသင်တို့ခေါ်ဆောင်သွား၍သူသည် ဘေးဥပဒ်နှင့်တွေ့ကြုံရသော် သင်တို့အဖေအို ကြီးသည်ဝမ်းနည်းကြေကွဲလျက်သေရပါမည်' ဟုဆိုပါသည်။
30-31. ``သို့ဖြစ်၍ကျွန်တော်သည်သူငယ်မပါဘဲနှင့် အဖထံသို့ပြန်ရောက်လျှင် အဖကကျွန်တော် တို့နှင့်အတူသူငယ်မပါလာကြောင်းသိရသော် သူသည်မုချသေရပါလိမ့်မည်။ ဖခင်သည်ဤ သူငယ်ကြောင့်သာအသက်ရှင်လျက်ရှိပါသည်။ ကျွန်တော်တို့သည်ဖခင်အိုအားယူကြုံးမရ ဝမ်းနည်းလျက်သေစေအောင်ပြုလုပ်ရာရောက် ပါမည်။-
32. ထို့အပြင်ကျွန်တော်သည်သူငယ်အတွက်ဖခင် ထံ၌အာမခံခဲ့သူပင်ဖြစ်ပါသည်။ ကျွန်တော် က`သူငယ်ကိုဖခင်ထံသို့ပြန်၍မခေါ်ဆောင်ခဲ့ လျှင်ကျွန်တော်သည်တစ်သက်လုံးအပြစ်ခံ ပါရစေ' ဟုဖခင်အားကတိပေးခဲ့ပါသည်။-
33. ထို့ကြောင့်သူငယ်၏ကိုယ်စားကျွန်တော်သည် အရှင့်ထံ၌ကျွန်ခံနေရစ်ပါရစေ။ သူငယ် ကိုသူ၏အစ်ကိုများနှင့်ပြန်ခွင့်ပြုရန်တောင်း ပန်ပါသည်။-