ကမ္ဘာ​ဦး 44:25-33 Common Language Bible (BCL)

25. ထို​နောက်​အ​ဖ​က`သင်​တို့​သွား​၍​ငါ​တို့​အ​တွက် ရိက္ခာ​ဝယ်​ဦး​လော့' ဟု​စေ​ခိုင်း​ပါ​သည်။-

26. ကျွန်​တော်​တို့​က`ကျွန်​တော်​တို့​မ​သွား​ပါ​ရ​စေ​နှင့်။ ကျွန်​တော်​တို့​၏​ညီ​အ​ငယ်​ဆုံး​မ​လိုက်​ပါ​ခဲ့​လျှင် ဘု​ရင်​ခံ​ထံ​သို့​ဝင်​ရ​မည်​မ​ဟုတ်​ပါ။ ကျွန်​တော် တို့​၏​ညီ​အ​ငယ်​ဆုံး​လိုက်​ပါ​မည်​ဆို​လျှင် ကျွန်​တော်​တို့​သွား​ပါ​မည်' ဟု​ဖ​ခင်​အား​ပြန် ပြော​ပါ​သည်။-

27. ဖ​ခင်​က`သင်​တို့​သိ​သည့်​အ​တိုင်း​ရာ​ခေ​လ​သည် သား​နှစ်​ယောက်​တည်း​ဖွား​မြင်​၍၊-

28. သား​တစ်​ယောက်​မှာ​မ​ရှိ​တော့​ပြီ။ သူ​သည်​သား​ရဲ တိ​ရစ္ဆာန်​တို့​၏​ကိုက်​ဖြတ်​ခြင်း​ကို​ခံ​ခဲ့​ရ​လေ​ပြီ။ ထို့​ကြောင့်​ငါ​သည်​ယ​နေ့​ထက်​တိုင်​သူ့​ကို​မ​မြင်​ရ။-

29. ယ​ခု​ဤ​သား​ကို​သင်​တို့​ခေါ်​ဆောင်​သွား​၍​သူ​သည် ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​ရ​သော် သင်​တို့​အ​ဖေ​အို ကြီး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​သေ​ရ​ပါ​မည်' ဟု​ဆို​ပါ​သည်။

30-31. ``သို့​ဖြစ်​၍​ကျွန်​တော်​သည်​သူ​ငယ်​မ​ပါ​ဘဲ​နှင့် အ​ဖ​ထံ​သို့​ပြန်​ရောက်​လျှင် အ​ဖ​က​ကျွန်​တော် တို့​နှင့်​အ​တူ​သူ​ငယ်​မ​ပါ​လာ​ကြောင်း​သိ​ရ​သော် သူ​သည်​မု​ချ​သေ​ရ​ပါ​လိမ့်​မည်။ ဖ​ခင်​သည်​ဤ သူ​ငယ်​ကြောင့်​သာ​အ​သက်​ရှင်​လျက်​ရှိ​ပါ​သည်။ ကျွန်​တော်​တို့​သည်​ဖ​ခင်​အို​အား​ယူကြုံး​မ​ရ ဝမ်း​နည်း​လျက်​သေ​စေ​အောင်​ပြု​လုပ်​ရာ​ရောက် ပါ​မည်။-

32. ထို့​အ​ပြင်​ကျွန်​တော်​သည်​သူ​ငယ်​အ​တွက်​ဖ​ခင် ထံ​၌​အာ​မ​ခံ​ခဲ့​သူ​ပင်​ဖြစ်​ပါ​သည်။ ကျွန်​တော် က`သူ​ငယ်​ကို​ဖ​ခင်​ထံ​သို့​ပြန်​၍​မ​ခေါ်​ဆောင်​ခဲ့ လျှင်​ကျွန်​တော်​သည်​တစ်​သက်​လုံး​အ​ပြစ်​ခံ ပါ​ရ​စေ' ဟု​ဖ​ခင်​အား​ကတိ​ပေး​ခဲ့​ပါ​သည်။-

33. ထို့​ကြောင့်​သူ​ငယ်​၏​ကိုယ်​စား​ကျွန်​တော်​သည် အ​ရှင့်​ထံ​၌​ကျွန်​ခံ​နေ​ရစ်​ပါ​ရ​စေ။ သူ​ငယ် ကို​သူ​၏​အစ်​ကို​များ​နှင့်​ပြန်​ခွင့်​ပြု​ရန်​တောင်း ပန်​ပါ​သည်။-

ကမ္ဘာ​ဦး 44