ကမ္ဘာ​ဦး 44:13-21 Common Language Bible (BCL)

13. ထို​အ​ခါ​သူ​တို့​သည်​စိတ်​ပျက်​ဝမ်း​နည်း​လျက် မိ​မိ​တို့​၏​အ​ဝတ်​ကို​ဆုတ်​ဖြဲ​ကြ​၏။ ထို​နောက် မြည်း​များ​ပေါ်​သို့​စပါး​အိတ်​များ​ကို​တင်​ပြီး လျှင်​မြို့​ထဲ​သို့​ပြန်​၍​လိုက်​လာ​ကြ​လေ​သည်။

14. ယု​ဒ​နှင့်​ညီ​များ​တို့​သည် ယော​သပ်​၏​အိမ်​သို့ ရောက်​ရှိ​ကြ​သော​အ​ခါ ယော​သပ်​သည်​အိမ်​၌ ရှိ​နေ​သေး​၏။ သူ​တို့​သည်​ယော​သပ်​၏​ရှေ့​တွင် ပျပ်​ဝပ်​ကြ​၏။-

15. ယော​သပ်​က``သင်​တို့​အ​ဘယ်​ကြောင့်​ဤ​သို့​ပြု ဘိ​သ​နည်း။ ငါ​သည်​သင်​တို့​ပြု​သ​မျှ​တို့​ကို နိ​မိတ်​ဖတ်​ခြင်း​ဖြင့်​သိ​နိုင်​စွမ်း​ရှိ​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော'' ဟု​ဆို​လေ​၏။

16. ယု​ဒ​က``ကျွန်​တော်​တို့​သည် အ​ရှင်​အား​မည်​သို့ လျှောက်​ထား​နိုင်​ပါ​မည်​နည်း။ မည်​ကဲ့​သို့​ဆင်​ခြေ တက်​နိုင်​ပါ​မည်​နည်း။ ကျွန်​တော်​တို့​မ​ကူး​လွန် ကြောင်း မည်​ကဲ့​သို့​သက်​သေ​အ​ထောက်​အ​ထား ပြ​နိုင်​ပါ​အံ့​နည်း။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် က​ကျွန်​တော်​တို့​၏​အ​ပြစ်​ကို​ဖော်​ထုတ်​တော် မူ​ပါ​ပြီ။ ဖ​လား​နှင့်​တွေ့​ရ​သူ​တစ်​ဦး​သာ​မ​က ကျွန်​တော်​တို့​အား​လုံး​အ​ရှင့်​ထံ​၌​ကျွန်​ခံ​ပါ မည်'' ဟု​လျှောက်​ထား​လေ​၏။

17. ယော​သပ်​က``ထို​သို့​ငါ​မ​ပြု​လုပ်​နိုင်။ ဖ​လား နှင့်​တွေ့​ရ​သူ​ကို​သာ​လျှင်​ငါ​၏​ကျွန်​ဖြစ်​စေ မည်။ ကျန်​သော​သူ​တို့​သည်​သင်​တို့​၏​အဖ​ထံ သို့​ဘေး​ကင်း​လုံ​ခြုံ​စွာ​ပြန်​သွား​ကြ​လော့''ဟု ဆို​လေ​၏။

18. ထို​နောက်​ယု​ဒ​သည်​ယော​သပ်​ထံ​သို့​ချဉ်း​ကပ် ၍``အ​ရှင်​အား​စ​ကား​တစ်​ခွန်း​ကို​လျှောက်​တင် ပါ​ရ​စေ။ ကျွန်​တော်​အား​အ​မျက်​ထွက်​တော်​မ မူ​ပါ​နှင့်။ အ​ရှင်​သည်​ဖာ​ရော​ဘု​ရင်​ကဲ့​သို့ ပင်​ကြီး​မြတ်​တော်​မူ​ပါ​၏။-

19. အ​ရှင်​က`သင်​တို့​တွင်​ဖ​ခင်​ရှိ​သေး​သ​လော။ ညီ​ရှိ သေး​သ​လော' ဟု​မေး​ပါ​သည်။-

20. ကျွန်​တော်​တို့​က​အ​သက်​အ​ရွယ်​အို​မင်း​သော ဖ​ခင်​ရှိ​ပါ​သည်။ ဖ​ခင်​အ​သက်​ကြီး​မှ​ရ​သော ညီ​တစ်​ယောက်​လည်း​ရှိ​ပါ​သေး​သည်။ ထို​သူ​ငယ် ၏​အစ်​ကို​အ​ရင်း​သေ​ဆုံး​ပြီ​ဖြစ်​သော​ကြောင့် သူ​၏​မိ​ခင်​ဖွား​သည့်​သား​များ​အ​နက်​ဤ သား​တစ်​ယောက်​တည်း​သာ​ကျန်​ရှိ​ပါ​သည်။ သူ​၏​ဖခင်​က​သူ့​အား​အ​လွန်​ချစ်​ပါ​သည်' ဟု​ပြော​ကြား​ခဲ့​ပါ​သည်။-

21. အ​ရှင်​က`ထို​သူ​ငယ်​ကို​ခေါ်​ဆောင်​ခဲ့​ကြ၊ ငါ တွေ့​မြင်​လို​သည်' ဟု​မိန့်​ကြား​ပါ​သည်။-

ကမ္ဘာ​ဦး 44