10. အိမ်တော်ဝန်က``သင်တို့ပြောသည့်အတိုင်း ဖြစ်ပါစေ။ သို့ရာတွင်ဖလားကိုခိုးသောသူ သာလျှင်ငါ၏ကျွန်ဖြစ်စေမည်။ ကျန်သော သူတို့သည်ချမ်းသာခွင့်ရစေမည်'' ဟုဆို၏။-
11. ထိုကြောင့်သူတို့သည်အသီးသီးမိမိတို့ ၏အိတ်များကိုမြေပေါ်သို့အလျင်အမြန် ချ၍ဖွင့်ပြကြ၏။-
12. အိမ်တော်ဝန်သည်ညီအစ်ကိုတို့တွင်အသက် အကြီးဆုံးမှအငယ်ဆုံးအထိ အစဉ်လိုက် တစ်ဦးစီ၏အိတ်ကိုရှာဖွေရာဗင်္ယာမိန် အိတ်တွင်ဖလားကိုတွေ့ရလေ၏။-
13. ထိုအခါသူတို့သည်စိတ်ပျက်ဝမ်းနည်းလျက် မိမိတို့၏အဝတ်ကိုဆုတ်ဖြဲကြ၏။ ထိုနောက် မြည်းများပေါ်သို့စပါးအိတ်များကိုတင်ပြီး လျှင်မြို့ထဲသို့ပြန်၍လိုက်လာကြလေသည်။
14. ယုဒနှင့်ညီများတို့သည် ယောသပ်၏အိမ်သို့ ရောက်ရှိကြသောအခါ ယောသပ်သည်အိမ်၌ ရှိနေသေး၏။ သူတို့သည်ယောသပ်၏ရှေ့တွင် ပျပ်ဝပ်ကြ၏။-
15. ယောသပ်က``သင်တို့အဘယ်ကြောင့်ဤသို့ပြု ဘိသနည်း။ ငါသည်သင်တို့ပြုသမျှတို့ကို နိမိတ်ဖတ်ခြင်းဖြင့်သိနိုင်စွမ်းရှိကြောင်း သင်တို့မသိကြသလော'' ဟုဆိုလေ၏။
16. ယုဒက``ကျွန်တော်တို့သည် အရှင်အားမည်သို့ လျှောက်ထားနိုင်ပါမည်နည်း။ မည်ကဲ့သို့ဆင်ခြေ တက်နိုင်ပါမည်နည်း။ ကျွန်တော်တို့မကူးလွန် ကြောင်း မည်ကဲ့သို့သက်သေအထောက်အထား ပြနိုင်ပါအံ့နည်း။ ဘုရားသခင်ကိုယ်တော်တိုင် ကကျွန်တော်တို့၏အပြစ်ကိုဖော်ထုတ်တော် မူပါပြီ။ ဖလားနှင့်တွေ့ရသူတစ်ဦးသာမက ကျွန်တော်တို့အားလုံးအရှင့်ထံ၌ကျွန်ခံပါ မည်'' ဟုလျှောက်ထားလေ၏။