1. ယောသပ်သည်အိမ်တော်ဝန်အား``ထိုသူတို့ ၏အိတ်များတွင်ရိက္ခာစပါးကိုသူတို့သယ်နိုင် သမျှဖြည့်ပေးလော့။ တစ်ယောက်စီ၏အိတ်ဝ ၌လည်းသူ၏စပါးဖိုးငွေကိုထည့်ပေးလော့။-
2. အငယ်ဆုံးသောသူ၏အိတ်ဝတွင်ငါ၏ဖလားနှင့် သူ၏စပါးဖိုးငွေကိုထည့်ပေးလော့'' ဟုအမိန့် ပေး၏။ အိမ်တော်ဝန်သည်ယောသပ်မိန့်မှာသည့် အတိုင်းဆောင်ရွက်လေ၏။-
3. နံနက်မိုးလင်းသောအခါသူတို့သည်မြည်း များနှင့်တကွထွက်သွားကြလေ၏။-
4. သူတို့သည်မြို့နှင့်မလှမ်းမကမ်းသောအရပ် သို့ရောက်ကြသောအခါယောသပ်က သူ၏အိမ် တော်ဝန်အား``ထိုသူတို့နောက်သို့အမြန်လိုက်လော့။ သူတို့ကိုမီသောအခါ`သင်တို့သည်အဘယ် ကြောင့်ကျေးဇူးရှင်ကိုကျေးစွပ်ရသနည်း။-
5. ငါ့သခင်၏ငွေဖလားကိုအဘယ်ကြောင့်ခိုးရ သနည်း။ ထိုဖလားသည်ငါ့သခင်သောက်သော ဖလား၊ နိမိတ်ဖတ်သောဖလားဖြစ်၏။ သင်တို့ သည်ကြီးလေးသောပြစ်မှုကိုကူးလွန်လေ ပြီ' ဟုပြောလော့'' ဟူ၍စေခိုင်းလေ၏။
6. အိမ်တော်ဝန်သည်ထိုသူတို့နောက်သို့လိုက်၍ မီသောအခါ ယောသပ်မှာကြားလိုက်သည့် အတိုင်းသူတို့အားပြောလေ၏။-
30-31. ``သို့ဖြစ်၍ကျွန်တော်သည်သူငယ်မပါဘဲနှင့် အဖထံသို့ပြန်ရောက်လျှင် အဖကကျွန်တော် တို့နှင့်အတူသူငယ်မပါလာကြောင်းသိရသော် သူသည်မုချသေရပါလိမ့်မည်။ ဖခင်သည်ဤ သူငယ်ကြောင့်သာအသက်ရှင်လျက်ရှိပါသည်။ ကျွန်တော်တို့သည်ဖခင်အိုအားယူကြုံးမရ ဝမ်းနည်းလျက်သေစေအောင်ပြုလုပ်ရာရောက် ပါမည်။-