ကမ္ဘာ​ဦး 44:1-10 Common Language Bible (BCL)

1. ယော​သပ်​သည်​အိမ်​တော်​ဝန်​အား``ထို​သူ​တို့ ၏​အိတ်​များ​တွင်​ရိက္ခာ​စပါး​ကို​သူ​တို့​သယ်​နိုင် သ​မျှ​ဖြည့်​ပေး​လော့။ တစ်​ယောက်​စီ​၏​အိတ်ဝ ၌​လည်း​သူ​၏​စပါး​ဖိုး​ငွေ​ကို​ထည့်​ပေး​လော့။-

2. အငယ်​ဆုံး​သော​သူ​၏​အိတ်​ဝ​တွင်​ငါ​၏​ဖ​လား​နှင့် သူ​၏​စ​ပါး​ဖိုး​ငွေ​ကို​ထည့်​ပေး​လော့'' ဟု​အ​မိန့် ပေး​၏။ အိမ်​တော်​ဝန်​သည်​ယော​သပ်​မိန့်​မှာ​သည့် အ​တိုင်း​ဆောင်​ရွက်​လေ​၏။-

3. နံ​နက်​မိုး​လင်း​သော​အ​ခါ​သူ​တို့​သည်​မြည်း များ​နှင့်​တ​ကွ​ထွက်​သွား​ကြ​လေ​၏။-

4. သူ​တို့​သည်​မြို့​နှင့်​မ​လှမ်း​မ​ကမ်း​သော​အ​ရပ် သို့​ရောက်​ကြ​သော​အ​ခါ​ယော​သပ်​က သူ​၏​အိမ် တော်​ဝန်​အား``ထို​သူ​တို့​နောက်​သို့​အမြန်​လိုက်​လော့။ သူ​တို့​ကို​မီ​သော​အ​ခါ`သင်​တို့​သည်​အ​ဘယ် ကြောင့်​ကျေး​ဇူး​ရှင်​ကို​ကျေး​စွပ်​ရ​သ​နည်း။-

5. ငါ့​သ​ခင်​၏​ငွေ​ဖ​လား​ကို​အ​ဘယ်​ကြောင့်​ခိုး​ရ သ​နည်း။ ထို​ဖ​လား​သည်​ငါ့​သ​ခင်​သောက်​သော ဖ​လား၊ နိ​မိတ်​ဖတ်​သော​ဖ​လား​ဖြစ်​၏။ သင်​တို့ သည်​ကြီး​လေး​သော​ပြစ်​မှု​ကို​ကူး​လွန်​လေ ပြီ' ဟု​ပြော​လော့'' ဟူ​၍​စေ​ခိုင်း​လေ​၏။

6. အိမ်​တော်​ဝန်​သည်​ထို​သူ​တို့​နောက်​သို့​လိုက်​၍ မီ​သော​အ​ခါ ယော​သပ်​မှာ​ကြား​လိုက်​သည့် အ​တိုင်း​သူ​တို့​အား​ပြော​လေ​၏။-

7. ထို​အ​ခါ​သူ​တို့​က``အ​ရှင်၊ ကျွန်​တော်​တို့​ကို ဤ​သို့​မစွပ်​စွဲ​ပါ​နှင့်။ ကျွန်​တော်​တို့​သည်​ထို သို့​သော​ပြစ်​မှု​ကို​မ​ကူး​လွန်​ကြောင်း​ကျိန် ဆို​ပါ​သည်။-

8. ကျွန်​တော်​တို့​၏​အိတ်​ဝ​များ​၌​တွေ့​ရှိ​သော ငွေ​ကို​ပင် ခါ​နာန်​ပြည်​မှ​ပြန်​၍​ယူ​ခဲ့​ကြောင်း အ​ရှင်​သိ​ပါ​သည်။ သို့​ဖြစ်​၍​ကျွန်​တော်​တို့ သည်​ဘု​ရင်​ခံ​၏​အိမ်​မှ​ရွှေ​ငွေ​ကို​အ​ဘယ် ကြောင့်​ခိုး​ယူ​ရ​ပါ​မည်​နည်း။-

9. ကျွန်​တော်​တို့​အ​နက်​တစ်​ယောက်​ယောက်​ထံ ၌​ထို​ဖ​လား​ကို​တွေ့​လျှင် ထို​သူ​သည်​သေ ဒဏ်​သင့်​ပါ​စေ။ ကျန်​သော​ကျွန်​တော်​တို့​သည် လည်း​အ​ရှင့်​ထံ​၌​ကျွန်​ခံ​ပါ​မည်'' ဟု​ဆို လေ​၏။

10. အိမ်​တော်​ဝန်​က``သင်​တို့​ပြော​သည့်​အ​တိုင်း ဖြစ်​ပါ​စေ။ သို့​ရာ​တွင်​ဖ​လား​ကို​ခိုး​သော​သူ သာ​လျှင်​ငါ​၏​ကျွန်​ဖြစ်​စေ​မည်။ ကျန်​သော သူ​တို့​သည်​ချမ်း​သာ​ခွင့်​ရ​စေ​မည်'' ဟု​ဆို​၏။-

ကမ္ဘာ​ဦး 44