ကမ္ဘာ​ဦး 43:32-34 Common Language Bible (BCL)

32. ယော​သပ်​အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ သူ​၏​အစ်​ကို​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ အီ​ဂျစ်​အ​မျိုး​သား​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ​တည်​ခင်း​ကြ​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​တို့ နှင့်​အ​တူ​စား​သောက်​လျှင် ဂုဏ်​သိမ်​သည်​ဟု ယူ​ဆ​ကြ​သော​ကြောင့်​ဟေ​ဗြဲ​အ​မျိုး​သား တို့​နှင့်​အ​တူ​တူ​မ​စား​ကြ။-

33. ညီ​အစ်​ကို​တို့​သည်​အ​သက်​ကြီး​စဉ်​ငယ်​လိုက် ယော​သပ်​၏​ရှေ့​တွင်​ထိုင်​ရ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​အား​နေ​ရာ​ချ​ထား​ပုံ​ကို​မြင်​ကြ သ​ဖြင့် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​၍​အံ့​အား​သင့်​လျက်​ရှိ​ကြ​၏။-

34. ယော​သပ်​သည်​မိ​မိ​စား​ပွဲ​မှ​အ​စား​အ​စာ များ​ကို​သူ​တို့​ထံ​သို့​ပို့​ပေး​၏။ ဗင်္ယာ​မိန်​သည် အ​ခြား​သူ​များ​ထက်​ငါး​ဆ​ပို​၍​ရ​လေ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​ယော​သပ်​နှင့်​အ​တူ စား​သောက်​ပျော်​မြူး​ကြ​လေ​၏။

ကမ္ဘာ​ဦး 43