ကမ္ဘာ​ဦး 43:23-32 Common Language Bible (BCL)

23. အိမ်​တော်​ဝန်​က``သင်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ မ ကြောက်​ကြ​နှင့်။ သင်​တို့​ဘု​ရား၊ သင်​တို့​အ​ဖ ၏​ဘု​ရား​သည်​စ​ပါး​အိတ်​များ​ထဲ​၌​သင်​တို့ အ​တွက် ထို​ငွေ​ကို​ထည့်​ခြင်း​ဖြစ်​ရ​မည်။ သင် တို့​ထံ​မှ​စပါး​ဖိုး​ငွေ​ကို​ကျွန်ုပ်​လက်​ခံ​ရ​ရှိ ပြီး​ဖြစ်​သည်'' ဟု​ဆို​လေ​၏။ ထို​နောက်​သူ​သည် ရှိ​မောင်​ကို​သူ​တို့​ထံ​သို့​ခေါ်​ထုတ်​ခဲ့​လေ​သည်။

24. အိမ်​တော်​ဝန်​သည်​သူ​တို့​ကို​အိမ်​ထဲ​သို့​ဝင်​စေ ၏။ သူ​တို့​၏​ခြေ​များ​ကို​ဆေး​ကြော​ရန်​ရေ​ကို ပေး​၍​သူ​တို့​၏​မြည်း​များ​ကို​အ​စာ​ကျွေး ၏။-

25. မွန်း​တည့်​အ​ချိန်​၌​ယော​သပ်​သည်​သူ​တို့​နှင့် အ​တူ​စား​သောက်​မည်​ဟု​ကြား​သိ​ရ​သ​ဖြင့် သူ​တို့​သည်​မိ​မိ​တို့​၏​လက်​ဆောင်​များ​ကို အ​သင့်​ပြင်​ထား​ကြ​၏။-

26. ယော​သပ်​အိမ်​သို့​ပြန်​လာ​သော​အ​ခါ​သူ​တို့ သည် မိ​မိ​တို့​နှင့်​ပါ​လာ​သော​လက်​ဆောင်​များ ကို​အိမ်​ထဲ​သို့​ယူ​ဆောင်​လာ​ပြီး​လျှင် ယော​သပ် အား​ဆက်​သ​၍​သူ​၏​ရှေ့​တွင်​ပျပ်​ဝပ်​ကြ လေ​သည်။-

27. ယော​သပ်​သည်​သူ​တို့​အား​နှုတ်​ခွန်း​ဆက်​ပြီး နောက်``သင်​တို့​ပြော​သော​သင်​တို့​၏​ဖခင်​အို သည်​ကျန်း​မာ​ပါ​၏​လော။ သူ​အသက်​ရှင်​လျက် ရှိ​ပါ​သေး​သ​လော'' ဟု​မေး​မြန်း​လေ​၏။

28. သူ​တို့​က``အရှင့်​ကျွန်၊ ကျွန်​တော်​တို့​၏​အ​ဖ​သည် ကျန်း​မာ​၍​အ​သက်​ရှင်​လျက်​ရှိ​ပါ​၏'' ဟု​ဖြေ ကြ​၏။ ထို​နောက်​သူ​တို့​သည်​ယော​သပ်​အား ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။

29. ယော​သပ်​သည်​မိ​မိ​အ​မိ​၏​သား​မိ​မိ​၏​ညီ ဗင်္ယာ​မိန်​ကို​မြင်​သော​အ​ခါ``ဤ​သူ​ငယ်​သည် သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ဆို​သူ​ဖြစ်​ပါ​သ လော။ လူ​က​လေး​သင့်​အား​ဘု​ရား​ကောင်း​ချီး ပေး​ပါ​စေ​သော'' ဟု​ဆို​လေ​၏။-

30. ယော​သပ်​သည်​ညီ​ကို​မြင်​ရ​သ​ဖြင့်​ကြင်​နာ သော​စိတ်​ရှိ​၍ မျက်​ရည်​မ​ဆည်​နိုင်​သော​ကြောင့် မိ​မိ​၏​အ​ခန်း​တွင်း​သို့​ဝင်​၍​ငို​ကြွေး​လေ​၏။-

31. ထို​နောက်​သူ​သည်​မျက်​နှာ​သစ်​ပြီး​လျှင်​အ​ပြင် သို့​ထွက်​လာ​၍ မိ​မိ​၏​စိတ်​ကို​ထိန်း​လျက်​စား သောက်​ပွဲ​ကို​ပြင်​ရန်​အ​မိန့်​ပေး​လေ​သည်။-

32. ယော​သပ်​အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ သူ​၏​အစ်​ကို​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ အီ​ဂျစ်​အ​မျိုး​သား​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ​တည်​ခင်း​ကြ​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​တို့ နှင့်​အ​တူ​စား​သောက်​လျှင် ဂုဏ်​သိမ်​သည်​ဟု ယူ​ဆ​ကြ​သော​ကြောင့်​ဟေ​ဗြဲ​အ​မျိုး​သား တို့​နှင့်​အ​တူ​တူ​မ​စား​ကြ။-

ကမ္ဘာ​ဦး 43