13. သင်တို့ညီကိုခေါ်ဆောင်လျက်ထိုသူထံသို့ သွားကြလော့။-
14. ထိုသူသည်ဗင်္ယာမိန်နှင့်ရှိမောင်တို့ကိုသင်တို့ အားပြန်အပ်စေရန် အနန္တတန်ခိုးရှင်ဘုရားသခင်သည်ထိုသူ၏စိတ်ကိုပြုပြင်ပေးတော် မူပါစေသော။ အကယ်၍ငါသည်သားတို့ ကိုဆုံးရှုံးရမည်ဆိုလျှင်ဆုံးရှုံးရမည်သာ ဖြစ်သည်'' ဟုဆို၏။
15. သို့ဖြစ်၍ညီအစ်ကိုတို့သည်လက်ဆောင်များ နှင့်ငွေနှစ်ဆကိုယူ၍ အီဂျစ်ပြည်သို့ထွက်ခွာ သွားကြလေသည်။ သူတို့နှင့်အတူဗင်္ယာမိန် လည်းလိုက်ပါသွားလေ၏။ ထိုပြည်သို့ရောက် သောအခါသူတို့သည်ယောသပ်ထံသို့ဝင် ၍ခစားကြ၏။-
16. ယောသပ်သည်သူတို့နှင့်အတူဗင်္ယာမိန်ပါ လာသည်ကိုမြင်လျှင် သူ၏အိမ်တော်ဝန်အား``ဤ သူတို့ကိုငါ့အိမ်သို့ခေါ်ဆောင်သွားလော့။ သား ကောင်တစ်ကောင်ကိုသတ်၍ဟင်းလျာပြင်လော့။ ငါသည်သူတို့နှင့်နေ့လည်စာကိုသုံးဆောင် မည်'' ဟုစေခိုင်းလေ၏။-
17. အိမ်တော်ဝန်သည်စေခိုင်းသည့်အတိုင်းထို သူတို့ကိုယောသပ်၏အိမ်သို့ခေါ်ဆောင်ခဲ့ လေ၏။
18. ညီအစ်ကိုတို့သည်ယောသပ်အိမ်သို့လိုက်ပါ လာကြစဉ်``ပထမအခေါက်တွင်ငါတို့၏ စပါးအိတ်များ၌ငွေများပြန်ထည့်ပေးလိုက် သည့်ကိစ္စကိုအကြောင်းပြုပြီးလျှင် သူတို့ သည်ငါတို့အားဖမ်းဆီးလျက်မြည်းများကို သိမ်းယူ၍သူ့ထံ၌ကျွန်ခံစေလိမ့်မည်'' ဟု တွေးတောကာစိုးရိမ်ကြောက်ရွံ့ကြ၏။-
19. သို့ဖြစ်၍သူတို့သည်အိမ်တံခါးဝသို့ ရောက်သောအခါ ယောသပ်၏အိမ်တော်ဝန်အား၊-
20. ``အရှင်၊ ကျွန်တော်တို့သည်ဤပြည်သို့ရိက္ခာ ဝယ်ရန် ယခင်ကတစ်ခေါက်ရောက်ခဲ့ပါသည်။-
21. အိမ်ပြန်ခရီးတွင်စခန်းချ၍စပါးအိတ်များ ကိုဖွင့်လိုက်ရာ တစ်ယောက်စီ၏အိတ်ဝတွင် မိမိ၏စပါးဖိုးငွေမလျော့ဘဲတွေ့ရပါသည်။ ကျွန်တော်တို့သည်ထိုငွေကိုယခုပြန်၍ ယူခဲ့ကြပါသည်။-
22. ရိက္ခာထပ်၍ဝယ်ရန်ငွေပိုလည်းယူခဲ့ပါသည်။ ကျွန်တော်တို့၏စပါးအိတ်များတွင်မည်သူ ကငွေကိုပြန်ထည့်ထားသည်ကိုမသိရပါ'' ဟုပြောပြလေ၏။