ကမ္ဘာ​ဦး 43:10-20 Common Language Bible (BCL)

10. ကျွန်​တော်​တို့​သည်​ဤ​မျှ​လောက်​မ​နှောင့်​နှေး မ​ဆိုင်း​တွ​ခဲ့​လျှင် အီ​ဂျစ်​ပြည်​သို့​အ​သွား အ​ပြန်​ခ​ရီး​နှစ်​ခေါက်​ရ​နိုင်​ပါ​ပြီ'' ဟု​ဆို လေ​၏။

11. ထို​အ​ခါ​သူ​တို့​အ​ဖ​က``သို့​ဖြစ်​လျှင်​ဤ​ကဲ့ သို့​ပြု​လုပ်​ကြ​လော့။ ခါ​နာန်​ပြည်​မှ​အ​ကောင်း ဆုံး​ထွက်​ကုန်​များ​ဖြစ်​သော​ဗာ​လ​စံ​စေး​အ​နည်း ငယ်၊ ပျား​ရည်​အ​နည်း​ငယ်၊ နံ့​သာ​မျိုး၊ မု​ရန်​စေး၊ သစ်​အယ်​သီး၊ ဗာ​တံ​သီး​တို့​ကို​ဘု​ရင်​ခံ​အား လက်​ဆောင်​ဆက်​သ​ရန်​သင်​တို့​အိတ်​များ​တွင် ထည့်​၍​ယူ​သွား​ကြ​လော့။-

12. သင်​တို့​၏​စ​ပါး​အိတ်​ဝ​များ​၌​ထည့်​ပေး​လိုက် သော​ငွေ​ကို​ပြန်​ပေး​ရ​မည်​ဖြစ်​၍ ငွေ​ကို​နှစ်​ဆ ယူ​သွား​ကြ​လော့။ ပြန်​ထည့်​ပေး​လိုက်​သော​ငွေ မှာ​မှား​ပြီး​ပြန်​ထည့်​ပေး​လိုက်​ဟန်​တူ​သည်။-

13. သင်​တို့​ညီ​ကို​ခေါ်​ဆောင်​လျက်​ထို​သူ​ထံ​သို့ သွား​ကြ​လော့။-

14. ထို​သူ​သည်​ဗင်္ယာ​မိန်​နှင့်​ရှိ​မောင်​တို့​ကို​သင်​တို့ အား​ပြန်​အပ်​စေ​ရန် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​သူ​၏​စိတ်​ကို​ပြု​ပြင်​ပေး​တော် မူ​ပါ​စေ​သော။ အ​ကယ်​၍​ငါ​သည်​သား​တို့ ကို​ဆုံး​ရှုံး​ရ​မည်​ဆို​လျှင်​ဆုံး​ရှုံး​ရ​မည်​သာ ဖြစ်​သည်'' ဟု​ဆို​၏။

15. သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့​သည်​လက်​ဆောင်​များ နှင့်​ငွေ​နှစ်​ဆ​ကို​ယူ​၍ အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ သွား​ကြ​လေ​သည်။ သူ​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန် လည်း​လိုက်​ပါ​သွား​လေ​၏။ ထို​ပြည်​သို့​ရောက် သော​အ​ခါ​သူ​တို့​သည်​ယော​သပ်​ထံ​သို့​ဝင် ၍​ခ​စား​ကြ​၏။-

16. ယော​သပ်​သည်​သူ​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန်​ပါ လာ​သည်​ကို​မြင်​လျှင် သူ​၏​အိမ်​တော်​ဝန်​အား``ဤ သူ​တို့​ကို​ငါ့​အိမ်​သို့​ခေါ်​ဆောင်​သွား​လော့။ သား ကောင်​တစ်​ကောင်​ကို​သတ်​၍​ဟင်း​လျာ​ပြင်​လော့။ ငါ​သည်​သူ​တို့​နှင့်​နေ့​လည်​စာ​ကို​သုံး​ဆောင် မည်'' ဟု​စေ​ခိုင်း​လေ​၏။-

17. အိမ်​တော်​ဝန်​သည်​စေ​ခိုင်း​သည့်​အ​တိုင်း​ထို သူ​တို့​ကို​ယော​သပ်​၏​အိမ်​သို့​ခေါ်​ဆောင်​ခဲ့ လေ​၏။

18. ညီ​အစ်​ကို​တို့​သည်​ယော​သပ်​အိမ်​သို့​လိုက်​ပါ လာ​ကြ​စဉ်``ပ​ထ​မ​အ​ခေါက်​တွင်​ငါ​တို့​၏ စပါး​အိတ်​များ​၌​ငွေ​များ​ပြန်​ထည့်​ပေး​လိုက် သည့်​ကိစ္စ​ကို​အ​ကြောင်း​ပြု​ပြီး​လျှင် သူ​တို့ သည်​ငါ​တို့​အား​ဖမ်း​ဆီး​လျက်​မြည်း​များ​ကို သိမ်း​ယူ​၍​သူ့​ထံ​၌​ကျွန်​ခံ​စေ​လိမ့်​မည်'' ဟု တွေး​တော​ကာ​စိုး​ရိမ်​ကြောက်​ရွံ့​ကြ​၏။-

19. သို့​ဖြစ်​၍​သူ​တို့​သည်​အိမ်​တံ​ခါး​ဝ​သို့ ရောက်​သော​အ​ခါ ယော​သပ်​၏​အိမ်​တော်​ဝန်​အား၊-

20. ``အ​ရှင်၊ ကျွန်​တော်​တို့​သည်​ဤ​ပြည်​သို့​ရိက္ခာ ဝယ်​ရန် ယ​ခင်​က​တစ်​ခေါက်​ရောက်​ခဲ့​ပါ​သည်။-

ကမ္ဘာ​ဦး 43