ကမ္ဘာ​ဦး 43:1-5 Common Language Bible (BCL)

1. ခါ​နာန်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ် သည်​ပို​၍​ဆိုး​ရွား​လာ​လေ​၏။-

2. ယာ​ကုပ်​၏​မိသား​စု​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ဝယ် ယူ​ခဲ့​သော​စ​ပါး​ကို စား​သုံး​၍​ကုန်​သော​အ​ခါ ယာ​ကုပ်​က​သား​တို့​အား``အီ​ဂျစ်​ပြည်​သို့​ပြန် သွား​၍​ရိက္ခာ​ဝယ်​ကြ​ဦး'' ဟု​စေ​ခိုင်း​လေ​၏။

3. ယု​ဒ​က​ယာ​ကုပ်​အား``အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​က ကျွန်​တော်​တို့​၏​ညီ​ကို​မ​ခေါ်​ဆောင်​နိုင်​ခဲ့​လျှင် သူ​၏​ရှေ့​တော်​မှောက်​သို့​မ​ဝင်​ရ​ဟူ​၍​အ​တိ အ​လင်း​သ​တိ​ပေး​ပါ​သည်။-

4. အ​ဖ​က​ညီ​ကို​ကျွန်​တော်​တို့​နှင့်​အ​တူ​သွား ခွင့်​ပြု​မည်​ဆို​လျှင် ကျွန်​တော်​တို့​သွား​၍​အဖ အ​တွက်​ရိက္ခာ​ဝယ်​ယူ​ပါ​မည်။-

5. အ​ဖ​က​ကျွန်​တော်​တို့​နှင့်​အ​တူ​ညီ​ကို​သွား​ခွင့် မ​ပေး​လျှင် သင်​တို့​၏​ညီ​မ​ပါ​ခဲ့​လျှင်​ငါ​၏​ရှေ့ မှောက်​သို့​မ​ဝင်​ရ​ဟု​ဘု​ရင်​ခံ​က​အ​မိန့်​ရှိ​သ​ဖြင့် ကျွန်​တော်​တို့​မ​သွား​ဝံ့​ပါ'' ဟု​ပြော​လေ​၏။

ကမ္ဘာ​ဦး 43