9. သူသည်သူတို့အကြောင်းနှင့်ပတ်သက်သော အိပ်မက်ကိုသတိရ၍``သင်တို့သည်သူလျှိုများ ဖြစ်၏။ ဤတိုင်းပြည်၏အားနည်းချက်ကိုထောက် လှမ်းရန်လာကြသူများဖြစ်သည်'' ဟုစွပ်စွဲ လိုက်လေ၏။
10. သူတို့က``မဟုတ်ပါအရှင်၊ ကိုယ်တော်၏ကျွန် တို့သည်ရိက္ခာဝယ်ယူရန်လာကြပါသည်။-
11. ကျွန်တော်တို့သည်ဖခင်တစ်ဦးတည်းမှပေါက် ဖွားသောညီအစ်ကိုများဖြစ်ကြပါသည်။ ကိုယ်တော်ကျွန်တို့သည်သူလျှိုများမဟုတ် ပါ။ ရိုးသားသူများဖြစ်ကြပါသည်'' ဟု ပြန်လည်လျှောက်ထားကြ၏။
12. ယောသပ်ကလည်း``သင်တို့သည်ရိုးသားသူများ မဟုတ်။ တိုင်းပြည်၏အားနည်းချက်ကိုထောက် လှမ်းရန်လာသူများဖြစ်ကြသည်'' ဟုတစ်ဖန် စွပ်စွဲပြန်၏။
13. ထိုအခါသူတို့က``ကိုယ်တော်၏ကျွန်တို့သည် ခါနာန်ပြည်၌နေထိုင်သောတစ်ယောက်တည်း သောသူ၏ သားတစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါ သည်။ ညီတစ်ယောက်သေဆုံး၍ညီအငယ်ဆုံး သည် ယခုဖခင်နှင့်အတူကျန်ရစ်ခဲ့ပါသည်'' ဟုလျှောက်ကြ၏။
14. တစ်ဖန်ယောသပ်က``ငါဆိုခဲ့သည့်အတိုင်း သင် တို့သည်သူလျှိုဖြစ်ကြ၏။-
15. သင်တို့ပြောသမျှမှန်သည်မမှန်သည်ကိုဤသို့ စစ်ဆေးမည်။ ဖာရောဘုရင်၏အမိန့်အာဏာ အရအသက်ရှင်တော်မူသည်အတိုင်း သင်တို့ ၏ညီအငယ်ဆုံးကိုဤအရပ်သို့မခေါ်ဆောင်ခဲ့ လျှင်သင်တို့သည်ဤတိုင်းပြည်မှမထွက်ခွာရ။-
16. သင်တို့အနက်တစ်ယောက်ယောက်ကိုစေလွှတ်၍ သင်တို့၏ညီကိုခေါ်ဆောင်ခဲ့ရမည်။ သင်တို့၏ စကားမှန်သည်မမှန်သည်ကိုသိနိုင်သည့်တိုင် အောင် ကျန်ရစ်သောသင်တို့ကိုအကျဉ်းချထား မည်။ သင်တို့၏ညီကိုမခေါ်ဆောင်နိုင်ခဲ့လျှင် သင်တို့သည်ဖာရောဘုရင်အသက်ရှင်တော် မူသည်အတိုင်းသူလျှိုများမုချဖြစ်ရမည်'' ဟုဆိုပြီးလျှင်၊-
17. သူတို့အားလုံးကိုသုံးရက်ချုပ်ထားလေ၏။
18. တတိယနေ့၌ ယောသပ်ကသူတို့အား``ငါ ဘုရားကိုကြောက်ရွံ့ရိုသေသောသူဖြစ်၏။ သင် တို့အသက်ချမ်းသာစေရန် ဤသို့ပြုလုပ်လော့။-