ကမ္ဘာ​ဦး 42:7-9 Common Language Bible (BCL)

7. ယော​သပ်​သည်​သူ​၏​အစ်​ကို​တို့​ကို​မြင်​၍​မှတ် မိ​သော်​လည်း အစ်​ကို​တို့​ကို​မ​သိ​ဟန်​ဆောင် လျက်``သင်​တို့​အ​ဘယ်​အ​ရပ်​မှ​လာ​ကြ​သ​နည်း'' ဟု​ခက်​ထန်​စွာ​မေး​လေ​၏။သူ​တို့​က``ကျွန်​တော်​တို့​သည်​ရိက္ခာ​ဝယ်​ရန် ခါ​နာန်​ပြည်​မှ​လာ​ပါ​သည်'' ဟု​ဖြေ​ကြ​၏။

8. ယော​သပ်​က​သူ​၏​အစ်​ကို​တို့​ဖြစ်​မှန်း​သိ သော်​လည်း သူ​တို့​က​ယော​သပ်​ကို​မ​သိ​ကြ။-

9. သူ​သည်​သူ​တို့​အ​ကြောင်း​နှင့်​ပတ်​သက်​သော အိပ်​မက်​ကို​သ​တိ​ရ​၍``သင်​တို့​သည်​သူ​လျှို​များ ဖြစ်​၏။ ဤ​တိုင်း​ပြည်​၏​အား​နည်း​ချက်​ကို​ထောက် လှမ်း​ရန်​လာ​ကြ​သူ​များ​ဖြစ်​သည်'' ဟု​စွပ်​စွဲ လိုက်​လေ​၏။

ကမ္ဘာ​ဦး 42