ကမ္ဘာ​ဦး 42:28-38 Common Language Bible (BCL)

28. သူ​က​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ်​၏​ငွေ​ကို​ပြန် ထည့်​ပေး​လိုက်​ပါ​သည်​တ​ကား'' ဟု​ဆို​၍​စ​ပါး အိတ်​ထဲ​က​ငွေ​ကို​ပြ​လေ​၏။ ထို​အ​ခါ​သူ​တို့ သည်​စိတ်​တုန်​လှုပ်​ချောက်​ချား​လျက်``ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​မည်​သို့​ပြု​တော်​မူ​ဘိ သ​နည်း'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

29. ခါ​နာန်​ပြည်​ရှိ​သူ​တို့​၏​အ​ဖ​ယာ​ကုပ်​ထံ သို့​ရောက်​ကြ​သော​အ​ခါ ဖြစ်​ပျက်​ခဲ့​သ​မျှ အ​ကြောင်း​စုံ​ကို​ဖ​ခင်​အား​ပြော​ပြ​ကြ​လေ သည်။-

30. သူ​တို့​က``အီ​ဂျစ်​ပြည်​ကို​အ​စိုး​ရ​သူ​သည် ကျွန် တော်​တို့​အား​ခက်​ထန်​စွာ​ပြော​ဆို​ဆက်​ဆံ​ပါ သည်။ ကျွန်​တော်​တို့​သည်​သူ​၏​တိုင်း​ပြည်​ကို ထောက်​လှမ်း​သော​သူ​လျှို​များ​ဖြစ်​သည်​ဟု စွပ်​စွဲ​ပါ​သည်။-

31. ကျွန်​တော်​တို့​က`ကျွန်​တော်​တို့​သည်​ရိုး​သား သော​သူ​များ​ဖြစ်​ပါ​သည်။ သူ​လျှို​မ​ဟုတ်​ပါ။-

32. ဖ​ခင်​တစ်​ဦး​တည်း​မှ​ပေါက်​ဖွား​သော​ညီ​အစ်​ကို တစ်​ကျိပ်​နှစ်​ယောက်​ဖြစ်​ကြ​ပါ​သည်။ တစ်​ယောက် သည်​သေ​ဆုံး​၍ ညီ​အ​ငယ်​ဆုံး​သည်​အ​ဖ​နှင့် ခါ​နာန်​ပြည်​၌​ရှိ​နေ​ပါ​သည်' ဟု​လျှောက်​ကြ ပါ​သည်။-

33. ထို​ပြည်​ကို​အုပ်​စိုး​သူ​က`သင်​တို့​သည်​ရိုး​သား သူ​များ​ဖြစ်​ကြောင်း​ကို ငါ​သိ​နိုင်​ရန်​ဤ​သို့​ပြု လုပ်​ရ​မည်။ သင်​တို့​အ​နက်​တစ်​ယောက်​ကို​ငါ​ထံ ၌​ထား​ခဲ့​ရ​မည်။ ကျန်​သော​သူ​တို့​က​ရိက္ခာ​ပြတ် နေ​သော​သင်​တို့​၏​မိ​သား​စု​ထံ​သို့​စ​ပါး​ယူ ၍​ပြန်​ကြ​လော့။-

34. သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ကို​ငါ့​ထံ​သို့​ခေါ် ဆောင်​ခဲ့​လော့။ ထို​သို့​ပြု​လုပ်​လျှင်​သင်​တို့ သူ​လျှို​မ​ဟုတ်၊ ရိုး​သား​သူ​များ​ဖြစ်​သည်​ကို ငါ​သိ​နိုင်​မည်။ ထို​နောက်​သင်​တို့​၏​ညီ​ကို​သင် တို့​ထံ​သို့​ငါ​ပြန်​အပ်​မည်။ သင်​တို့​သည်​လည်း ဤ​ပြည်​တွင်​နေ​ထိုင်​၍​ရောင်း​ဝယ်​ဖောက်​ကား နိုင်​ကြ​မည်' '' ဟူ​၍​ဆို​ကြ​၏။

35. သူ​တို့​သည်​စ​ပါး​အိတ်​များ​ကို​သွန်​ချ​ကြ သော​အ​ခါ လူ​တိုင်း​က​မိ​မိ​၏​ငွေ​ထုပ်​ကို​မိ​မိ အိတ်​ထဲ​တွင်​တွေ့​ရ​လေ​သော် အ​ဖ​နှင့်​တ​ကွ သား​တို့​သည်​ကြောက်​လန့်​ကြ​၏။-

36. သူ​တို့​အ​ဖ​က``သင်​တို့​သည်​ငါ့​သား​များ​ကို တစ်​ယောက်​ပြီး​တစ်​ယောက်​ဆုံး​ပါး​စေ​တော့ မည်​လော။ ယော​သပ်​လည်း​မ​ရှိ။ ရှိ​မောင်​လည်း မ​ရှိ။ ယ​ခု​ဗင်္ယာ​မိန်​ကို​ခေါ်​ဆောင်​သွား​ကြ ဦး​မည်​လော။ ငါ​၌​အ​တိ​ဒုက္ခ​ရောက်​ရ​ပါ သည်​တ​ကား'' ဟု​ဆို​လေ​၏။

37. ထို​အ​ခါ​ရု​ဗင်​က​အ​ဖ​အား``ဗင်္ယာ​မိန်​ကို အ​ဖ​ထံ​သို့​ကျွန်​တော်​ပြန်​၍​မ​ခေါ်​နိုင်​ခဲ့ လျှင် ကျွန်​တော်​၏​သား​နှစ်​ယောက်​သေ​ဒဏ်​ခံ ရ​ပါ​စေ။ သူ့​အ​တွက်​ကျွန်​တော်​တာ​ဝန်​ယူ ပါ​မည်။ အဖ​ထံ​သို့​သူ့​ကို​ကျွန်​တော်​အ​ရောက် ပြန်​လည်​ခေါ်​ဆောင်​ခဲ့​ပါ​မည်'' ဟု​ပြော​လေ​၏။

38. သို့​ရာ​တွင်​ယာ​ကုပ်​က``ငါ့​သား​ကို​သင်​တို့​နှင့် အ​တူ​မ​လွှတ်​နိုင်။ သူ​၏​အစ်ကို​သေ​ဆုံး​ပြီ​ဖြစ် ၍​သူ​တစ်​ယောက်​တည်း​ကျန်​ရစ်​သည်။ ငါ​သည် အ​သက်​အ​ရွယ်​အို​မင်း​ပါ​ပြီ။ အ​ကယ်​၍​ခ​ရီး လမ်း​တွင်​သူ​သည်​ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​ရ သော် ငါ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​သေ ရ​ပါ​မည်'' ဟု​ဆို​လေ​၏။

ကမ္ဘာ​ဦး 42