10. သူတို့က``မဟုတ်ပါအရှင်၊ ကိုယ်တော်၏ကျွန် တို့သည်ရိက္ခာဝယ်ယူရန်လာကြပါသည်။-
11. ကျွန်တော်တို့သည်ဖခင်တစ်ဦးတည်းမှပေါက် ဖွားသောညီအစ်ကိုများဖြစ်ကြပါသည်။ ကိုယ်တော်ကျွန်တို့သည်သူလျှိုများမဟုတ် ပါ။ ရိုးသားသူများဖြစ်ကြပါသည်'' ဟု ပြန်လည်လျှောက်ထားကြ၏။
12. ယောသပ်ကလည်း``သင်တို့သည်ရိုးသားသူများ မဟုတ်။ တိုင်းပြည်၏အားနည်းချက်ကိုထောက် လှမ်းရန်လာသူများဖြစ်ကြသည်'' ဟုတစ်ဖန် စွပ်စွဲပြန်၏။
13. ထိုအခါသူတို့က``ကိုယ်တော်၏ကျွန်တို့သည် ခါနာန်ပြည်၌နေထိုင်သောတစ်ယောက်တည်း သောသူ၏ သားတစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါ သည်။ ညီတစ်ယောက်သေဆုံး၍ညီအငယ်ဆုံး သည် ယခုဖခင်နှင့်အတူကျန်ရစ်ခဲ့ပါသည်'' ဟုလျှောက်ကြ၏။
14. တစ်ဖန်ယောသပ်က``ငါဆိုခဲ့သည့်အတိုင်း သင် တို့သည်သူလျှိုဖြစ်ကြ၏။-