ကမ္ဘာ​ဦး 41:5-15 Common Language Bible (BCL)

5. ဘု​ရင်​သည်​တစ်​ဖန်​အိပ်​ပျော်​၍​အိပ်​မက်​မက် ပြန်​၏။ အိပ်​မက်​ထဲ​တွင်​စ​ပါး​ပင်​တစ်​ပင်​တည်း မှ​အ​ဆန်​အောင်​၍ ဝင်း​မှည့်​နေ​သော​စပါး​နှံ ခု​နစ်​နှံ​တို့​ထွက်​လျက်​ရှိ​၏။-

6. ထို​နောက်​အ​လုံး​သေး​၍​သဲ​ကန္တာ​ရ​လေ​ပူ ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စ​ပါး​နှံ​ခု​နစ်​နှံ တို့​လည်း​ထွက်​လာ​ကြ​၏။-

7. အ​လုံး​သေး​သော​စ​ပါး​နှံ​တို့​က​အ​ဆန် အောင်​သော​စ​ပါး​နှံ​ခု​နစ်​နှံ​တို့​ကို​မျို​လိုက် ကြ​၏။ ဘု​ရင်​သည်​အိပ်ရာ​မှ​နိုး​လာ​၍​မိ​မိ အိပ်​မက်​နေ​ကြောင်း​သိ​ရ​လေ​၏။-

8. နံ​နက်​အ​ချိန်​ရောက်​သော​အ​ခါ​ဘု​ရင်​သည် စိတ်​သော​က​ရောက်​သ​ဖြင့် အီ​ဂျစ်​ပြည်​ရှိ​မှော် ဆ​ရာ​နှင့်​ပ​ညာ​ရှိ​အ​ပါင်း​တို့​အား​ဆင့်​ခေါ် လေ​၏။ ဘု​ရင်​သည်​မိ​မိ​၏​အိပ်​မက်​ကို​ထို​သူ တို့​အား​ပြော​ပြ​သော်​လည်း တစ်​ယောက်​မျှ အ​နက်​ကို​ဖွင့်​မ​ပြ​နိုင်​ချေ။

9. ထို​အ​ခါ​ဖ​လား​တော်​ဆက်​ဝန်​က​ဘု​ရင် အား``ကျွန်​တော်​မျိုး​တွင်​လစ်​ဟင်း​ချက်​တစ်​ခု ရှိ​ကြောင်း​ဝန်​ခံ​ပါ​၏။-

10. ကိုယ်​တော်​သည်​စား​တော်​ဆက်​ဝန်​နှင့်​ကျွန်​တော် မျိုး​အား​အ​မျက်​တော်​ရှ​သ​ဖြင့် ကိုယ်​ရံ​တော်​မှူး အိမ်​တွင်​အ​ချုပ်​ချ​ထား​ခဲ့​ပါ​သည်။-

11. တစ်​ည​၌​ကျွန်​တော်​မျိုး​တို့​တစ်​ဦး​စီ​နှင့်​သက် ဆိုင်​သော​အိပ်​မက်​ကို​မြင်​မက်​ကြ​ပါ​သည်။-

12. ကျွန်​တော်​မျိုး​တို့​နှင့်​အ​တူ​ကိုယ်​ရံ​တော်​မှူး ၏​ကျွန်​ဟေ​ဗြဲ​လူ​ငယ်​တစ်​ယောက်​ရှိ​ပါ​သည်။ ကျွန်​တော်​မျိုး​တို့​၏​အိပ်​မက်​ကို​သူ့​အား​ပြော ပြ​၍​သူ​သည်​အိပ်​မက်​၏​အနက်​ကို​ဖွင့်​ပြ​ပါ သည်။-

13. သူ​အ​နက်​ဖွင့်​ပြ​သည့်​အ​တိုင်း​ကိုယ်​တော်​သည် ကျွန်​တော်​မျိုး​အား​မူ​လ​ရာ​ထူး​၌​ပြန်​လည် ခန့်​အပ်​၍​စား​တော်​ဆက်​ဝန်​အား​ကွပ်​မျက်​လိုက် ပါ​သည်'' ဟု​လျှောက်​ထား​လေ​၏။

14. ဘု​ရင်​သည်​ယော​သပ်​ကို​ရှေ့​တော်​သို့​သွင်း​ရန် အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် သူ့​အား​အ​ကျဉ်း​ထောင် မှ​ချက်​ချင်း​ထုတ်​ဆောင်​ခဲ့​ကြ​လေ​သည်။ သူ​သည် မုတ်​ဆိတ်​ရိတ်​၍​အ​ဝတ်​လဲ​ပြီး​နောက်​ဘုရင်​ထံ သို့​အ​ခ​စား​ဝင်​လေ​၏။-

15. ဘု​ရင်​က​ယော​သပ်​အား``ငါ​သည်​အိပ်​မက်​ကို မြင်​မက်​၏။ သို့​ရာ​တွင်​မည်​သူ​မျှ​အ​နက်​ကို​ဖွင့် မ​ပြ​နိုင်။ သင်​သည်​အိပ်​မက်​အ​နက်​ကို​ဖွင့်​ပြ နိုင်​စွမ်း​ရှိ​ကြောင်း​ငါ​ကြား​သိ​ရ​သည်'' ဟု မိန့်​တော်​မူ​၏။

ကမ္ဘာ​ဦး 41