48. ယောသပ်သည်ခုနစ်နှစ်အတွင်းလယ်များ မှထွက်သမျှသောစပါးသီးနှံများကို စုသိမ်း၍ မြို့များ၌သိုလှောင်ထားလေသည်။ လယ်များမှထွက်သောစပါးသီးနှံကိုနီး စပ်ရာမြို့အသီးသီးတွင်သိုလှောင်စေသည်။-
49. သူစုဆောင်းရရှိသောစပါးသီးနှံတို့သည် ပင်လယ်သဲလုံးတစ်မျှများလှသောကြောင့် မချင်တွယ်ဘဲထားရလေသည်။
50. အစာခေါင်းပါးခြင်းနှစ်များမဆိုက်ရောက်မီ ယောသပ်သည် မယားအာသနတ်နှင့်သားနှစ် ယောက်ရရှိလေသည်။-
51. ယောသပ်က``ဘုရားသခင်သည်ငါခံရသော ဆင်းရဲဒုက္ခကိုလည်းကောင်း၊ အဖ၏အိမ်သား အပေါင်းတို့ကိုလည်းကောင်းမေ့ပျောက်စေတော် မူပြီ'' ဟုဆို၍သူ၏သားဦးကိုမနာရှေဟု နာမည်မှည့်လေ၏။-
52. ဒုတိယသားရသောအခါ``ဘုရားသခင် သည်ငါဆင်းရဲဒုက္ခခံရသောပြည်တွင် ငါ့အား သားသမီးရတနာထွန်းကားစေတော်မူပြီ'' ဟုဆို၍ထိုသားကိုဧဖရိမ်ဟုနာမည်မှည့် လေ၏။
53. အီဂျစ်ပြည်တွင်ရိက္ခာပေါကြွယ်ဝသော ခုနစ်နှစ်ကာလကုန်ဆုံးလေ၏။-
54. ထိုနောက်ယောသပ်ပြောခဲ့သည့်အတိုင်းအစာ ခေါင်းပါးသောခုနစ်နှစ်ကပ်ဆိုက်ရောက်လာလေ ၏။ အခြားသောတိုင်းပြည်အသီးသီးတို့တွင် လည်းအစာခေါင်းပါးခြင်းကပ်ကျရောက်လျက် ရှိသည်။ သို့ရာတွင်အီဂျစ်ပြည်၌ရိက္ခာရှိလျက် ပင်။-
55. အီဂျစ်ပြည်သားတို့သည်အစာခေါင်းပါး ခြင်းဒဏ်ကိုခံရကြသောအခါ ဖာရောဘုရင် အားရိက္ခာပေးရန်တောင်းဆိုကြ၏။ ထိုအခါ ဖာရောဘုရင်က``ယောသပ်ထံသို့သွားကြ။ သူပြောသည့်အတိုင်းပြုကြလော့''ဟုမိန့် တော်မူလေ၏။-
56. အစာခေါင်းပါးခြင်းကပ်သည်အီဂျစ်ပြည် အရပ်ရပ်သို့ဆိုက်ရောက်၍အလွန်ဆိုးရွား လာသဖြင့် ယောသပ်သည်စပါးကျီရှိသမျှ တို့ကိုဖွင့်၍အီဂျစ်ပြည်သားတို့အားစပါး ရောင်းချလေ၏။-
57. ကမ္ဘာအရပ်ရပ်တွင်လည်းအစာခေါင်းပါး ခြင်းကပ်ဆိုက်လျက်ရှိသဖြင့် အပြည်ပြည် မှလူတို့သည်ယောသပ်ထံသို့စပါးဝယ်ရန် လာရောက်ကြကုန်၏။