38. ထိုနောက်ဘုရင်ကမှူးမတ်တို့အား``ယောသပ် သည်ဘုရားထံမှဉာဏ်ပညာကိုရရှိသူဖြစ် ၏။ သူ့ထက်သာသောသူကိုငါတို့ရှာ၍မ တွေ့နိုင်'' ဟုမိန့်တော်မူ၏။-
39. ဘုရင်ကယောသပ်အား``ဘုရားကသင့်အား ဤအမှုအရာတို့ကိုဖွင့်ပြတော်မူသည်ဖြစ် ၍ သင့်ထက်ဉာဏ်ပညာအမြော်အမြင်သာ သူမရှိနိုင်။-
40. ငါသည်သင့်အားငါ့တိုင်းပြည်ကိုအုပ်ချုပ် စေမည်။ ငါ၏ပြည်သားအားလုံးတို့သည် သင်၏အမိန့်ကိုနာခံရမည်။ ထီးနန်းအရိုက် အရာအားဖြင့်သာလျှင်သင့်ထက်ငါကြီး မြတ်မည်။-
41. ယခုငါသည်သင့်အားအီဂျစ်တစ်ပြည်လုံး ကိုအုပ်စိုးရသောဘုရင်ခံအဖြစ်ခန့်အပ်သည်'' ဟုမိန့်မြွက်လေ၏။-
42. ဖာရောဘုရင်သည်မိမိ၏တံဆိပ်တော်ပါ ရှိသောလက်စွပ်ကိုချွတ်ပြီးလျှင် ယောသပ် ၏လက်တွင်ဝတ်ဆင်ပေးတော်မူ၏။ ယောသပ် အားပိတ်ချောဝတ်ရုံကိုလည်းဝတ်စေ၍ လည်ပင်းတွင်ရွှေစလွယ်ကိုဆွဲပေးတော် မူ၏။-
43. ထို့နောက်ဒုတိယရထားတော်ကိုယောသပ်စီး ၍ သူ၏ကိုယ်ရံတော်တို့ကရထားရှေ့ကသွား လျက်``လမ်းဖယ်ကြ၊ လမ်းဖယ်ကြ'' ဟုအော်ဟစ် ကြ၏။ ထိုသို့ဖြင့်ယောသပ်သည်အီဂျစ်တစ် ပြည်လုံးကိုအုပ်ချုပ်ရသောဘုရင်ခံအဖြစ် ခန့်အပ်ခြင်းကိုခံရလေသည်။-
44. ထိုနောက်ဖာရောဘုရင်ကယောသပ်အား``ငါ သည်ဖာရောဘုရင်ဖြစ်၏။ အီဂျစ်တစ်ပြည် လုံးတွင်သင်၏ခွင့်ပြုချက်မရဘဲနှင့်အဘယ် သူမျှလက်ခြေကိုမကြွရ'' ဟုမိန့်တော်မူ၏။-
45-46. ဘုရင်သည်ယောသပ်အားဇာဖဏာသဖာဏ ဟူသောဘွဲ့နာမကိုချီးမြှင့်၍ သြနမြို့မှ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသ နတ်နှင့်ထိမ်းမြားစုံဖက်စေလေသည်။ယောသပ်သည်အီဂျစ်ပြည်ဖာရောဘုရင်၏ မင်းမှုကို စတင်ထမ်းရွက်သည့်အခါ၌အသက် အနှစ်သုံးဆယ်ရှိ၏။ သူသည်ဘုရင်ထံပါးမှ ထွက်၍အီဂျစ်ပြည်တစ်ပြည်လုံးသို့တိုင်းခန်း လှည့်လည်လေသည်။-
47. ရိက္ခာပေါကြွယ်ဝသောခုနစ်နှစ်အတွင်း တွင် တိုင်းပြည်သည်သီးနှံထွက်အလွန်ကောင်း၏။-
48. ယောသပ်သည်ခုနစ်နှစ်အတွင်းလယ်များ မှထွက်သမျှသောစပါးသီးနှံများကို စုသိမ်း၍ မြို့များ၌သိုလှောင်ထားလေသည်။ လယ်များမှထွက်သောစပါးသီးနှံကိုနီး စပ်ရာမြို့အသီးသီးတွင်သိုလှောင်စေသည်။-
49. သူစုဆောင်းရရှိသောစပါးသီးနှံတို့သည် ပင်လယ်သဲလုံးတစ်မျှများလှသောကြောင့် မချင်တွယ်ဘဲထားရလေသည်။
50. အစာခေါင်းပါးခြင်းနှစ်များမဆိုက်ရောက်မီ ယောသပ်သည် မယားအာသနတ်နှင့်သားနှစ် ယောက်ရရှိလေသည်။-
51. ယောသပ်က``ဘုရားသခင်သည်ငါခံရသော ဆင်းရဲဒုက္ခကိုလည်းကောင်း၊ အဖ၏အိမ်သား အပေါင်းတို့ကိုလည်းကောင်းမေ့ပျောက်စေတော် မူပြီ'' ဟုဆို၍သူ၏သားဦးကိုမနာရှေဟု နာမည်မှည့်လေ၏။-