31. ရောက်လတ္တံ့သောအစာခေါင်းပါးခြင်းကပ် သည်အလွန်ဆိုးရွားမည်ဖြစ်ရကား လူတို့ သည်ပေါကြွယ်ဝသောနှစ်များကိုလုံးဝမေ့ ပျောက်ကုန်ကြပါလိမ့်မည်။-
32. ကိုယ်တော်သည်အိပ်မက်ကိုနှစ်ကြိမ်တိုင် အောင်မြင်မက်ရသဖြင့် အဋ္ဌိပ္ပါယ်မှာဘုရားသခင်သည်ဤအမှုကိုပြဋ္ဌာန်းပြီးဖြစ် ၍မကြာမီစီရင်တော်မူလိမ့်မည်။
33. ``သို့ဖြစ်၍ကိုယ်တော်သည်ဉာဏ်ပညာ အမြော်အမြင်ရှိသူတစ်ဦးကိုရွေး၍ တိုင်း ပြည်ကိုအုပ်ချုပ်စေတော်မူပါ။-
34. ပေါကြွယ်ဝသောနှစ်ခုနစ်နှစ်တွင်ထွက်သမျှ သောကောက်ပဲသီးနှံထဲမှ ငါးပုံတစ်ပုံကို ကောက်ယူသိမ်းဆည်းရန် တစ်ပြည်လုံး၌ကြီး ကြပ်ရေးမှူးများကိုခန့်ထားတော်မူပါ။-
35. ထိုသူတို့အားလာမည့်ပေါကြွယ်ဝသောနှစ် များအတွင်းရိက္ခာစုဆောင်းစေ၍ မြို့များ၌ သိုလှောင်စေပြီးလျှင်စောင့်ရှောက်စေတော် မူပါ။-
36. အီဂျစ်ပြည်တွင်အစာခေါင်းပါးသောခုနစ် နှစ်အတွက် ထိုရိက္ခာကိုသိုလှောင်ထားသော အားဖြင့် အီဂျစ်ပြည်သူပြည်သားတို့သည် အစာငတ်သည့်ဘေးမှလွတ်မြောက်နိုင်ပါ လိမ့်မည်'' ဟုဖာရောဘုရင်အားလျှောက်ထား လေ၏။
37. ဖာရောဘုရင်နှင့်မှူးမတ်အပေါင်းတို့သည် ယောသပ်တင်ပြသောစီမံချက်ကိုနှစ်သက် လက်ခံကြ၏။-
38. ထိုနောက်ဘုရင်ကမှူးမတ်တို့အား``ယောသပ် သည်ဘုရားထံမှဉာဏ်ပညာကိုရရှိသူဖြစ် ၏။ သူ့ထက်သာသောသူကိုငါတို့ရှာ၍မ တွေ့နိုင်'' ဟုမိန့်တော်မူ၏။-
39. ဘုရင်ကယောသပ်အား``ဘုရားကသင့်အား ဤအမှုအရာတို့ကိုဖွင့်ပြတော်မူသည်ဖြစ် ၍ သင့်ထက်ဉာဏ်ပညာအမြော်အမြင်သာ သူမရှိနိုင်။-
40. ငါသည်သင့်အားငါ့တိုင်းပြည်ကိုအုပ်ချုပ် စေမည်။ ငါ၏ပြည်သားအားလုံးတို့သည် သင်၏အမိန့်ကိုနာခံရမည်။ ထီးနန်းအရိုက် အရာအားဖြင့်သာလျှင်သင့်ထက်ငါကြီး မြတ်မည်။-
41. ယခုငါသည်သင့်အားအီဂျစ်တစ်ပြည်လုံး ကိုအုပ်စိုးရသောဘုရင်ခံအဖြစ်ခန့်အပ်သည်'' ဟုမိန့်မြွက်လေ၏။-
42. ဖာရောဘုရင်သည်မိမိ၏တံဆိပ်တော်ပါ ရှိသောလက်စွပ်ကိုချွတ်ပြီးလျှင် ယောသပ် ၏လက်တွင်ဝတ်ဆင်ပေးတော်မူ၏။ ယောသပ် အားပိတ်ချောဝတ်ရုံကိုလည်းဝတ်စေ၍ လည်ပင်းတွင်ရွှေစလွယ်ကိုဆွဲပေးတော် မူ၏။-
43. ထို့နောက်ဒုတိယရထားတော်ကိုယောသပ်စီး ၍ သူ၏ကိုယ်ရံတော်တို့ကရထားရှေ့ကသွား လျက်``လမ်းဖယ်ကြ၊ လမ်းဖယ်ကြ'' ဟုအော်ဟစ် ကြ၏။ ထိုသို့ဖြင့်ယောသပ်သည်အီဂျစ်တစ် ပြည်လုံးကိုအုပ်ချုပ်ရသောဘုရင်ခံအဖြစ် ခန့်အပ်ခြင်းကိုခံရလေသည်။-
44. ထိုနောက်ဖာရောဘုရင်ကယောသပ်အား``ငါ သည်ဖာရောဘုရင်ဖြစ်၏။ အီဂျစ်တစ်ပြည် လုံးတွင်သင်၏ခွင့်ပြုချက်မရဘဲနှင့်အဘယ် သူမျှလက်ခြေကိုမကြွရ'' ဟုမိန့်တော်မူ၏။-
45-46. ဘုရင်သည်ယောသပ်အားဇာဖဏာသဖာဏ ဟူသောဘွဲ့နာမကိုချီးမြှင့်၍ သြနမြို့မှ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသ နတ်နှင့်ထိမ်းမြားစုံဖက်စေလေသည်။ယောသပ်သည်အီဂျစ်ပြည်ဖာရောဘုရင်၏ မင်းမှုကို စတင်ထမ်းရွက်သည့်အခါ၌အသက် အနှစ်သုံးဆယ်ရှိ၏။ သူသည်ဘုရင်ထံပါးမှ ထွက်၍အီဂျစ်ပြည်တစ်ပြည်လုံးသို့တိုင်းခန်း လှည့်လည်လေသည်။-
47. ရိက္ခာပေါကြွယ်ဝသောခုနစ်နှစ်အတွင်း တွင် တိုင်းပြည်သည်သီးနှံထွက်အလွန်ကောင်း၏။-
48. ယောသပ်သည်ခုနစ်နှစ်အတွင်းလယ်များ မှထွက်သမျှသောစပါးသီးနှံများကို စုသိမ်း၍ မြို့များ၌သိုလှောင်ထားလေသည်။ လယ်များမှထွက်သောစပါးသီးနှံကိုနီး စပ်ရာမြို့အသီးသီးတွင်သိုလှောင်စေသည်။-