ကမ္ဘာ​ဦး 41:27-43 Common Language Bible (BCL)

27. နောက်​မှ​တက်​လာ​သော​နွား​ခု​နစ်​ကောင်​နှင့် အ​လုံး​သေး​၍ သဲ​ကန္တာရ​၏​လေ​ပူ​ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စ​ပါး​နှံ​ခု​နစ်​နှံ​တို့​သည် အ​စာ​ခေါင်း​ပါး​သည့်​ခု​နစ်​နှစ်​ကို​ဆို​လို ပါ​၏။-

28. ကျွန်​တော်​မျိုး​သည်​အ​ရှင်​မင်း​ကြီး​အား လျှောက်​ထား​ခဲ့​သည့်​အ​တိုင်း ဘု​ရား​သ​ခင် က​မိ​မိ​ပြု​တော်​မူ​မည့်​အ​မှု​ကို​ကိုယ်​တော် အား​အ​သိ​ပေး​ခြင်း​ဖြစ်​ပါ​သည်။-

29. အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​တွင်​အ​စား​အ​စာ ပေါ​ကြွယ်​ဝ​သော​နှစ်​ခု​နစ်​နှစ်​ရှိ​ပါ​လိမ့်​မည်။-

30. ထို​နှစ်​များ​လွန်​လျှင်​အ​စာ​ခေါင်း​ပါး​သော နှစ်​ခု​နစ်​နှစ်​ဆိုက်​ရောက်​လာ​ပါ​လိမ့်​မည်။ ထို အ​ခါ​အ​စား​အ​စာ​ပေါ​ကြွယ်​ဝ​သော​နှစ် များ​ကို​လူ​တို့​သ​တိ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး​ကြောင့်​တစ်​ပြည် လုံး​ပျက်​စီး​ရ​လိမ့်​မည်။-

31. ရောက်​လတ္တံ့​သော​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ် သည်​အ​လွန်​ဆိုး​ရွား​မည်​ဖြစ်​ရ​ကား လူ​တို့ သည်​ပေါ​ကြွယ်​ဝ​သော​နှစ်​များ​ကို​လုံးဝ​မေ့ ပျောက်​ကုန်​ကြ​ပါ​လိမ့်​မည်။-

32. ကိုယ်​တော်​သည်​အိပ်​မက်​ကို​နှစ်​ကြိမ်​တိုင် အောင်​မြင်​မက်​ရ​သ​ဖြင့် အ​ဋ္ဌိပ္ပါယ်​မှာ​ဘု​ရား​သ​ခင်​သည်​ဤ​အ​မှု​ကို​ပြ​ဋ္ဌာန်း​ပြီး​ဖြစ် ၍​မ​ကြာ​မီ​စီ​ရင်​တော်​မူ​လိမ့်​မည်။

33. ``သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ဉာဏ်​ပ​ညာ အ​မြော်​အ​မြင်​ရှိ​သူ​တစ်​ဦး​ကို​ရွေး​၍ တိုင်း ပြည်​ကို​အုပ်​ချုပ်​စေ​တော်​မူ​ပါ။-

34. ပေါ​ကြွယ်​ဝ​သော​နှစ်​ခု​နစ်​နှစ်​တွင်​ထွက်​သ​မျှ သော​ကောက်​ပဲ​သီး​နှံ​ထဲ​မှ ငါး​ပုံ​တစ်​ပုံ​ကို ကောက်​ယူ​သိမ်း​ဆည်း​ရန် တစ်​ပြည်​လုံး​၌​ကြီး ကြပ်​ရေး​မှူး​များ​ကို​ခန့်​ထား​တော်​မူ​ပါ။-

35. ထို​သူ​တို့​အား​လာ​မည့်​ပေါ​ကြွယ်​ဝ​သော​နှစ် များ​အ​တွင်း​ရိက္ခာ​စု​ဆောင်း​စေ​၍ မြို့​များ​၌ သို​လှောင်​စေ​ပြီး​လျှင်​စောင့်​ရှောက်​စေ​တော် မူ​ပါ။-

36. အီ​ဂျစ်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​သော​ခု​နစ် နှစ်​အ​တွက် ထို​ရိက္ခာ​ကို​သို​လှောင်​ထား​သော အား​ဖြင့် အီ​ဂျစ်​ပြည်​သူ​ပြည်​သား​တို့​သည် အ​စာ​ငတ်​သည့်​ဘေး​မှ​လွတ်​မြောက်​နိုင်​ပါ လိမ့်​မည်'' ဟု​ဖာ​ရော​ဘု​ရင်​အား​လျှောက်​ထား လေ​၏။

37. ဖာ​ရော​ဘု​ရင်​နှင့်​မှူး​မတ်​အ​ပေါင်း​တို့​သည် ယော​သပ်​တင်​ပြ​သော​စီ​မံ​ချက်​ကို​နှစ်​သက် လက်​ခံ​ကြ​၏။-

38. ထို​နောက်​ဘု​ရင်​က​မှူး​မတ်​တို့​အား``ယော​သပ် သည်​ဘု​ရား​ထံ​မှ​ဉာဏ်​ပ​ညာ​ကို​ရ​ရှိ​သူ​ဖြစ် ၏။ သူ့​ထက်​သာ​သော​သူ​ကို​ငါ​တို့​ရှာ​၍​မ တွေ့​နိုင်'' ဟု​မိန့်​တော်​မူ​၏။-

39. ဘု​ရင်​က​ယော​သပ်​အား``ဘု​ရား​က​သင့်​အား ဤ​အ​မှု​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော်​မူ​သည်​ဖြစ် ၍ သင့်​ထက်​ဉာဏ်​ပ​ညာ​အ​မြော်​အ​မြင်​သာ သူ​မ​ရှိ​နိုင်။-

40. ငါ​သည်​သင့်​အား​ငါ့​တိုင်း​ပြည်​ကို​အုပ်​ချုပ် စေ​မည်။ ငါ​၏​ပြည်​သား​အား​လုံး​တို့​သည် သင်​၏​အ​မိန့်​ကို​နာ​ခံ​ရ​မည်။ ထီး​နန်း​အ​ရိုက် အ​ရာ​အား​ဖြင့်​သာ​လျှင်​သင့်​ထက်​ငါ​ကြီး မြတ်​မည်။-

41. ယ​ခု​ငါ​သည်​သင့်​အား​အီ​ဂျစ်​တစ်​ပြည်​လုံး ကို​အုပ်​စိုး​ရ​သော​ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​အပ်​သည်'' ဟု​မိန့်​မြွက်​လေ​၏။-

42. ဖာ​ရော​ဘု​ရင်​သည်​မိ​မိ​၏​တံ​ဆိပ်​တော်​ပါ ရှိ​သော​လက်​စွပ်​ကို​ချွတ်​ပြီး​လျှင် ယော​သပ် ၏​လက်​တွင်​ဝတ်​ဆင်​ပေး​တော်​မူ​၏။ ယော​သပ် အား​ပိတ်​ချော​ဝတ်​ရုံ​ကို​လည်း​ဝတ်​စေ​၍ လည်​ပင်း​တွင်​ရွှေ​စ​လွယ်​ကို​ဆွဲ​ပေး​တော် မူ​၏။-

43. ထို့​နောက်​ဒု​တိ​ယ​ရ​ထား​တော်​ကို​ယော​သပ်​စီး ၍ သူ​၏​ကိုယ်​ရံ​တော်​တို့​က​ရ​ထား​ရှေ့​က​သွား လျက်``လမ်း​ဖယ်​ကြ၊ လမ်း​ဖယ်​ကြ'' ဟု​အော်​ဟစ် ကြ​၏။ ထို​သို့​ဖြင့်​ယော​သပ်​သည်​အီ​ဂျစ်​တစ် ပြည်​လုံး​ကို​အုပ်​ချုပ်​ရ​သော​ဘု​ရင်​ခံ​အ​ဖြစ် ခန့်​အပ်​ခြင်း​ကို​ခံ​ရ​လေ​သည်။-

ကမ္ဘာ​ဦး 41