18. ဝဖြိုး၍အဆင်းလှသောနွားမခုနစ်ကောင် သည် မြစ်တွင်းမှတက်လာပြီးလျှင်မြက်စား လျက်နေကြ၏။-
19. ထိုနွားတို့နောက်မှပိန်လှီ၍အဆင်းမလှ သောနွားမခုနစ်ကောင်တို့လည်းကမ်းပေါ်သို့ တက်လာကြ၏။ ထိုမျှလောက်အရုပ်ဆိုးသော နွားများကိုအီဂျစ်ပြည်တွင်ငါသည်တစ်ခါ မျှမမြင်ဘူးချေ။-
20. နွားပိန်တို့ကဝဖြိုးသောနွားများကိုမျို လိုက်ကြ၏။
21. သို့ရာတွင်သူတို့သည်ပိန်မြဲပိန်လျက်ရှိသဖြင့် ထိုသို့မျိုလိုက်ကြောင်းကိုမည်သူမျှမသိနိုင် ချေ။ ထိုနောက်ငါသည်နိုးလာ၏။-
22. တစ်ဖန်ငါသည်အိပ်မက်မြင်မက်ပြန်၏။ ထိုအိပ် မက်ထဲတွင်အဆန်အောင်၍ ဝင်းမှည့်သောစပါးနှံ ခုနစ်နှံတို့သည် စပါးပင်တစ်ပင်တည်းမှထွက် လျက်ရှိသည်ကိုငါမြင်ရ၏။-
23. ထိုနောက်အလုံးသေး၍သဲကန္တာရ၏လေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံတို့ လည်းထွက်လာကြ၏။-
24. အလုံးသေးသောစပါးနှံတို့ကအဆန်အောင် သောစပါးနှံတို့ကိုမျိုလိုက်ကြ၏။ ငါ၏အိပ် မက်ကိုမှော်ဆရာတို့အားပြောပြသော်လည်း မည်သူမျှငါ့အားအနက်ကိုဖွင့်မပြနိုင်'' ဟုမိန့်တော်မူ၏။
25. ထိုအခါယောသပ်က``အရှင်မင်းကြီးမြင် မက်သောအိပ်မက်နှစ်ရပ်တို့သည်အနက်တစ် မျိုးတည်းရှိပါသည်။ ဘုရားသခင်ကမိမိ ပြုတော်မူမည့်အမှုကိုကိုယ်တော်အားအသိ ပေးခြင်းဖြစ်ပါသည်။-
26. ဝဖြိုးသောနွားမခုနစ်ကောင်တို့သည်ခုနစ် နှစ်ကိုဆိုလိုပါ၏။ အဆန်အောင်သောစပါးနှံ ခုနစ်နှံတို့သည်လည်းခုနစ်နှစ်ကိုဆိုလိုပါ ၏။ အိပ်မက်တို့သည်အနက်တစ်မျိုးတည်းရှိ ပါ၏။-