ကမ္ဘာ​ဦး 41:15-28 Common Language Bible (BCL)

15. ဘု​ရင်​က​ယော​သပ်​အား``ငါ​သည်​အိပ်​မက်​ကို မြင်​မက်​၏။ သို့​ရာ​တွင်​မည်​သူ​မျှ​အ​နက်​ကို​ဖွင့် မ​ပြ​နိုင်။ သင်​သည်​အိပ်​မက်​အ​နက်​ကို​ဖွင့်​ပြ နိုင်​စွမ်း​ရှိ​ကြောင်း​ငါ​ကြား​သိ​ရ​သည်'' ဟု မိန့်​တော်​မူ​၏။

16. ယော​သပ်​က``အ​ရှင်​မင်း​ကြီး​ကျွန်​တော်​မျိုး​၌ ထို​အ​စွမ်း​မ​ရှိ​ပါ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​ကိုယ်​တော်​အား သင့်​မြတ်​သော​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ဖွင့်​ပြ​ပါ​လိမ့်​မည်'' ဟု​လျှောက် လေ​၏။

17. ဘု​ရင်​က``ငါ​သည်​အိပ်​မက်​ထဲ​တွင်​နိုင်း​မြစ် ကမ်း​ပေါ်​၌​ရပ်​နေ​စဉ်၊-

18. ဝ​ဖြိုး​၍​အ​ဆင်း​လှ​သော​နွား​မ​ခု​နစ်​ကောင် သည် မြစ်​တွင်း​မှ​တက်​လာ​ပြီး​လျှင်​မြက်​စား လျက်​နေ​ကြ​၏။-

19. ထို​နွား​တို့​နောက်​မှ​ပိန်​လှီ​၍​အ​ဆင်း​မ​လှ သော​နွား​မ​ခု​နစ်​ကောင်​တို့​လည်း​ကမ်း​ပေါ်​သို့ တက်​လာ​ကြ​၏။ ထို​မျှ​လောက်​အ​ရုပ်​ဆိုး​သော နွား​များ​ကို​အီ​ဂျစ်​ပြည်​တွင်​ငါ​သည်​တစ်​ခါ မျှ​မ​မြင်​ဘူး​ချေ။-

20. နွား​ပိန်​တို့​က​ဝ​ဖြိုး​သော​နွား​များ​ကို​မျို လိုက်​ကြ​၏။

21. သို့​ရာ​တွင်​သူ​တို့​သည်​ပိန်​မြဲ​ပိန်​လျက်​ရှိ​သ​ဖြင့် ထို​သို့​မျို​လိုက်​ကြောင်း​ကို​မည်​သူ​မျှ​မ​သိ​နိုင် ချေ။ ထို​နောက်​ငါ​သည်​နိုး​လာ​၏။-

22. တစ်​ဖန်​ငါ​သည်​အိပ်​မက်​မြင်​မက်​ပြန်​၏။ ထို​အိပ် မက်​ထဲ​တွင်​အ​ဆန်​အောင်​၍ ဝင်း​မှည့်​သော​စပါး​နှံ ခုနစ်​နှံ​တို့​သည် စ​ပါး​ပင်​တစ်​ပင်​တည်း​မှ​ထွက် လျက်​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။-

23. ထို​နောက်​အ​လုံး​သေး​၍​သဲ​ကန္တာရ​၏​လေ​ပူ ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စပါး​နှံ​ခုနစ်​နှံ​တို့ လည်း​ထွက်​လာ​ကြ​၏။-

24. အ​လုံး​သေး​သော​စပါး​နှံ​တို့​က​အ​ဆန်​အောင် သော​စ​ပါး​နှံ​တို့​ကို​မျို​လိုက်​ကြ​၏။ ငါ​၏​အိပ် မက်​ကို​မှော်​ဆ​ရာ​တို့​အား​ပြော​ပြ​သော်​လည်း မည်​သူ​မျှ​ငါ့​အား​အ​နက်​ကို​ဖွင့်​မ​ပြ​နိုင်'' ဟု​မိန့်​တော်​မူ​၏။

25. ထို​အ​ခါ​ယော​သပ်​က``အ​ရှင်​မင်း​ကြီး​မြင် မက်​သော​အိပ်​မက်​နှစ်​ရပ်​တို့​သည်​အ​နက်​တစ် မျိုး​တည်း​ရှိ​ပါ​သည်။ ဘု​ရား​သ​ခင်​က​မိ​မိ ပြု​တော်​မူ​မည့်​အ​မှု​ကို​ကိုယ်​တော်​အား​အ​သိ ပေး​ခြင်း​ဖြစ်​ပါ​သည်။-

26. ဝ​ဖြိုး​သော​နွား​မ​ခု​နစ်​ကောင်​တို့​သည်​ခု​နစ် နှစ်​ကို​ဆို​လို​ပါ​၏။ အ​ဆန်​အောင်​သော​စပါး​နှံ ခု​နစ်​နှံ​တို့​သည်​လည်း​ခု​နစ်​နှစ်​ကို​ဆို​လို​ပါ ၏။ အိပ်​မက်​တို့​သည်​အ​နက်​တစ်​မျိုး​တည်း​ရှိ ပါ​၏။-

27. နောက်​မှ​တက်​လာ​သော​နွား​ခု​နစ်​ကောင်​နှင့် အ​လုံး​သေး​၍ သဲ​ကန္တာရ​၏​လေ​ပူ​ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စ​ပါး​နှံ​ခု​နစ်​နှံ​တို့​သည် အ​စာ​ခေါင်း​ပါး​သည့်​ခု​နစ်​နှစ်​ကို​ဆို​လို ပါ​၏။-

28. ကျွန်​တော်​မျိုး​သည်​အ​ရှင်​မင်း​ကြီး​အား လျှောက်​ထား​ခဲ့​သည့်​အ​တိုင်း ဘု​ရား​သ​ခင် က​မိ​မိ​ပြု​တော်​မူ​မည့်​အ​မှု​ကို​ကိုယ်​တော် အား​အ​သိ​ပေး​ခြင်း​ဖြစ်​ပါ​သည်။-

ကမ္ဘာ​ဦး 41