15. ဘုရင်ကယောသပ်အား``ငါသည်အိပ်မက်ကို မြင်မက်၏။ သို့ရာတွင်မည်သူမျှအနက်ကိုဖွင့် မပြနိုင်။ သင်သည်အိပ်မက်အနက်ကိုဖွင့်ပြ နိုင်စွမ်းရှိကြောင်းငါကြားသိရသည်'' ဟု မိန့်တော်မူ၏။
16. ယောသပ်က``အရှင်မင်းကြီးကျွန်တော်မျိုး၌ ထိုအစွမ်းမရှိပါ။ သို့ရာတွင်ဘုရားသခင် သည်ကိုယ်တော်အား သင့်မြတ်သောအနက် အဋ္ဌိပ္ပါယ်ကိုဖွင့်ပြပါလိမ့်မည်'' ဟုလျှောက် လေ၏။
17. ဘုရင်က``ငါသည်အိပ်မက်ထဲတွင်နိုင်းမြစ် ကမ်းပေါ်၌ရပ်နေစဉ်၊-
18. ဝဖြိုး၍အဆင်းလှသောနွားမခုနစ်ကောင် သည် မြစ်တွင်းမှတက်လာပြီးလျှင်မြက်စား လျက်နေကြ၏။-
19. ထိုနွားတို့နောက်မှပိန်လှီ၍အဆင်းမလှ သောနွားမခုနစ်ကောင်တို့လည်းကမ်းပေါ်သို့ တက်လာကြ၏။ ထိုမျှလောက်အရုပ်ဆိုးသော နွားများကိုအီဂျစ်ပြည်တွင်ငါသည်တစ်ခါ မျှမမြင်ဘူးချေ။-
20. နွားပိန်တို့ကဝဖြိုးသောနွားများကိုမျို လိုက်ကြ၏။