1. ထိုနောက်နှစ်နှစ်မျှကြာသောအခါ အီဂျစ်ဘုရင် သည်အိပ်မက်မြင်မက်လေ၏။ အိပ်မက်ထဲတွင် ဘုရင်သည်နိုင်းမြစ်နား၌ရပ်နေစဉ်၊-
2. ဝဖြိုး၍အဆင်းလှသောနွားမခုနစ်ကောင်သည် မြစ်ထဲမှတက်လာပြီးလျှင်မြက်စားလျက်နေ ကြ၏။-
3. ထိုနွားတို့နောက်မှပိန်လှီ၍အဆင်းမလှသော နွားမခုနစ်ကောင်တို့သည်မြစ်ထဲမှတက်လာ ကြပြီးလျှင် မြစ်ကမ်းနားပေါ်သို့ဦးစွာရောက် ရှိနေသောနွားများအနီးသို့သွား၍ရပ်နေ ကြ၏။-
4. ထိုနောက်နွားပိန်တို့ကဝဖြိုးသောနွားမခုနစ် ကောင်ကိုမျိုလိုက်ကြ၏။ ထိုအချိန်၌ဘုရင် အိပ်ရာမှနိုးလေ၏။-
5. ဘုရင်သည်တစ်ဖန်အိပ်ပျော်၍အိပ်မက်မက် ပြန်၏။ အိပ်မက်ထဲတွင်စပါးပင်တစ်ပင်တည်း မှအဆန်အောင်၍ ဝင်းမှည့်နေသောစပါးနှံ ခုနစ်နှံတို့ထွက်လျက်ရှိ၏။-
6. ထိုနောက်အလုံးသေး၍သဲကန္တာရလေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံ တို့လည်းထွက်လာကြ၏။-
7. အလုံးသေးသောစပါးနှံတို့ကအဆန် အောင်သောစပါးနှံခုနစ်နှံတို့ကိုမျိုလိုက် ကြ၏။ ဘုရင်သည်အိပ်ရာမှနိုးလာ၍မိမိ အိပ်မက်နေကြောင်းသိရလေ၏။-
8. နံနက်အချိန်ရောက်သောအခါဘုရင်သည် စိတ်သောကရောက်သဖြင့် အီဂျစ်ပြည်ရှိမှော် ဆရာနှင့်ပညာရှိအပါင်းတို့အားဆင့်ခေါ် လေ၏။ ဘုရင်သည်မိမိ၏အိပ်မက်ကိုထိုသူ တို့အားပြောပြသော်လည်း တစ်ယောက်မျှ အနက်ကိုဖွင့်မပြနိုင်ချေ။
45-46. ဘုရင်သည်ယောသပ်အားဇာဖဏာသဖာဏ ဟူသောဘွဲ့နာမကိုချီးမြှင့်၍ သြနမြို့မှ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသ နတ်နှင့်ထိမ်းမြားစုံဖက်စေလေသည်။ယောသပ်သည်အီဂျစ်ပြည်ဖာရောဘုရင်၏ မင်းမှုကို စတင်ထမ်းရွက်သည့်အခါ၌အသက် အနှစ်သုံးဆယ်ရှိ၏။ သူသည်ဘုရင်ထံပါးမှ ထွက်၍အီဂျစ်ပြည်တစ်ပြည်လုံးသို့တိုင်းခန်း လှည့်လည်လေသည်။-