9. ထိုအခါဖလားတော်ဆက်ဝန်က``ငါ၏ အိပ်မက်ထဲတွင်ငါ့ရှေ့၌စပျစ်နွယ်ရှိပါသည်။-
10. ထိုစပျစ်နွယ်တွင်အကိုင်းသုံးကိုင်းရှိသည်။ အကိုင်းများမှအရွက်များထွက်လာသည်နှင့် တစ်ပြိုင်နက်အပွင့်များပွင့်၍စပျစ်သီးများ မှည့်လာသည်။-
11. ငါသည်ဖာရောဘုရင်၏ဖလားတော်ကိုကိုင် လျက်စပျစ်သီးများကိုယူ၍ ဖလားတော်ထဲ သို့အရည်ကိုညှစ်ထည့်ပြီးလျှင်ဘုရင်၏လက် တော်သို့ဆက်ရပါသည်'' ဟုပြောပြလေ၏။
12. ယောသပ်က``သင်၏အိပ်မက်အနက်သည်ကား ဤသို့တည်း။ အကိုင်းသုံးကိုင်းသည်သုံးရက် ကိုဆိုလိုသည်။-
13. သုံးရက်အတွင်းဘုရင်သည်သင့်အားလွတ် ငြိမ်းချမ်းသာခွင့်ပေး၍ သင်၏ရာထူးကိုပြန် ပေးတော်မူသဖြင့် သင်သည်ယခင်ကဖလား တော်ဆက်ခဲ့ရသည့်နည်းတူယခုတစ်ဖန် ပြန်ဆက်ရလိမ့်မည်။-
14. သင်ပြန်၍ကောင်းစားလာသောအခါကျွန်တော် ကိုမမေ့ပါနှင့်။ ဘုရင့်ထံကျွန်တော်အတွက် သံတော်ဦးတင်၍ဤထောင်ထဲမှလွတ်မြောက် ရန်ကူညီပေးပါ။-
15. စင်စစ်အားဖြင့်ကျွန်တော်သည်ဟေဗြဲအမျိုး သားတို့၏နိုင်ငံမှခိုးထုတ်ခြင်းကိုခံခဲ့ရပါ သည်။ ဤပြည်၌လည်းကျွန်တော်သည်အကျဉ်းခံ ထိုက်သည့်အဘယ်ပြစ်မှုကိုမျှမကူးလွန်ခဲ့ ရပါ'' ဟုဖလားတော်ဆက်ဝန်အားပြောလေ၏။
16. စားတော်ဆက်ဝန်သည်ဖလားတော်ဆက်ဝန်၏ အိပ်မက်အနက်ကောင်းသည်ကိုသိမြင်လျှင် ယောသပ်အား``ငါလည်းအိပ်မက်မြင်မက်သည်။ အိပ်မက်ထဲ၌ငါသည်မုန့်တောင်းသုံးလုံးကို ဦးခေါင်းပေါ်တွင်ရွက်လာ၏။-
17. အပေါ်ဆုံးတောင်းထဲတွင်ဘုရင်အားဆက်သ ရသောမုန့်မျိုးစုံပါရှိ၍ ငှက်များသည်ထို တောင်းထဲမှမုန့်များကိုစားကြ၏'' ဟုပြော ပြလေသည်။
18. ယောသပ်က``အိပ်မက်၏အနက်ကားဤသို့ တည်း။ တောင်းသုံးလုံးသည်သုံးရက်ကိုဆို လိုသည်။-
19. သုံးရက်အတွင်းဘုရင်သည်သင့်အားထောင်ထဲ မှလွှတ်၍သင်၏ဦးခေါင်းကိုဖြတ်ပစ်စေလိမ့် မည်။ ထိုနောက်သင်၏ကိုယ်ခန္ဓာကိုတိုင်ပေါ်မှာ ဆွဲထား၍ငှက်တို့သည်သင်၏အသားကိုစား ကြလိမ့်မည်'' ဟုစားတော်ဆက်ဝန်အားပြော လေ၏။