20. ထိုနောက်တတိယနေ့၌ဖာရောဘုရင်၏မွေး နေ့ကျရောက်သဖြင့် မင်းမှုထမ်းအားလုံးတို့ အားစားသောက်ပွဲဖြင့်ဧည့်ခံတော်မူ၏။ ဘုရင် သည်ဖလားတော်ဆက်ဝန်နှင့်စားတော်ဆက်ဝန် တို့ကိုထောင်မှလွှတ်၍မင်းပရိသတ်ရှေ့သို့ခေါ် ဆောင်ခဲ့စေတော်မူ၏။-
21. ဘုရင်သည်ဖလားတော်ဆက်ဝန်ကိုယခင် ရာထူးတွင်ပြန်ခန့်ထား၍၊-
22. စားတော်ဆက်ဝန်ကိုမူကားကွပ်မျက်စေ တော်မူ၏။ သို့ဖြစ်၍ယောသပ်အနက်ဖွင့်သည့် အတိုင်းဖြစ်ပျက်လေ၏။-
23. သို့သော်လည်းဖလားတော်ဆက်ဝန်သည်ယောသပ် ကိုသတိမရဘဲမေ့လျော့လျက်နေလေ၏။