ကမ္ဘာ​ဦး 40:14-23 Common Language Bible (BCL)

14. သင်​ပြန်​၍​ကောင်း​စား​လာ​သော​အ​ခါ​ကျွန်​တော် ကို​မ​မေ့​ပါ​နှင့်။ ဘု​ရင့်​ထံ​ကျွန်​တော်​အ​တွက် သံ​တော်​ဦး​တင်​၍​ဤ​ထောင်​ထဲ​မှ​လွတ်​မြောက် ရန်​ကူ​ညီ​ပေး​ပါ။-

15. စင်​စစ်​အား​ဖြင့်​ကျွန်​တော်​သည်​ဟေ​ဗြဲ​အ​မျိုး သား​တို့​၏​နိုင်​ငံ​မှ​ခိုး​ထုတ်​ခြင်း​ကို​ခံ​ခဲ့​ရ​ပါ သည်။ ဤ​ပြည်​၌​လည်း​ကျွန်​တော်​သည်​အ​ကျဉ်း​ခံ ထိုက်​သည့်​အ​ဘယ်​ပြစ်​မှု​ကို​မျှ​မ​ကူး​လွန်​ခဲ့ ရ​ပါ'' ဟု​ဖလား​တော်​ဆက်​ဝန်​အား​ပြော​လေ​၏။

16. စား​တော်​ဆက်​ဝန်​သည်​ဖလား​တော်​ဆက်​ဝန်​၏ အိပ်​မက်​အ​နက်​ကောင်း​သည်​ကို​သိ​မြင်​လျှင် ယော​သပ်​အား``ငါ​လည်း​အိပ်​မက်​မြင်​မက်​သည်။ အိပ်​မက်​ထဲ​၌​ငါ​သည်​မုန့်​တောင်း​သုံး​လုံး​ကို ဦး​ခေါင်း​ပေါ်​တွင်​ရွက်​လာ​၏။-

17. အ​ပေါ်​ဆုံး​တောင်း​ထဲ​တွင်​ဘု​ရင်​အား​ဆက်​သ ရ​သော​မုန့်​မျိုး​စုံ​ပါ​ရှိ​၍ ငှက်​များ​သည်​ထို တောင်း​ထဲ​မှ​မုန့်​များ​ကို​စား​ကြ​၏'' ဟု​ပြော ပြ​လေ​သည်။

18. ယော​သပ်​က``အိပ်​မက်​၏​အ​နက်​ကား​ဤ​သို့ တည်း။ တောင်း​သုံး​လုံး​သည်​သုံး​ရက်​ကို​ဆို လို​သည်။-

19. သုံး​ရက်​အ​တွင်း​ဘု​ရင်​သည်​သင့်​အား​ထောင်​ထဲ မှ​လွှတ်​၍​သင်​၏​ဦး​ခေါင်း​ကို​ဖြတ်​ပစ်​စေ​လိမ့် မည်။ ထို​နောက်​သင်​၏​ကိုယ်​ခန္ဓာ​ကို​တိုင်​ပေါ်​မှာ ဆွဲ​ထား​၍​ငှက်​တို့​သည်​သင်​၏​အ​သား​ကို​စား ကြ​လိမ့်​မည်'' ဟု​စား​တော်​ဆက်​ဝန်​အား​ပြော လေ​၏။

20. ထို​နောက်​တ​တိ​ယ​နေ့​၌​ဖာ​ရော​ဘု​ရင်​၏​မွေး နေ့​ကျ​ရောက်​သ​ဖြင့် မင်း​မှု​ထမ်း​အား​လုံး​တို့ အား​စား​သောက်​ပွဲ​ဖြင့်​ဧည့်​ခံ​တော်​မူ​၏။ ဘု​ရင် သည်​ဖ​လား​တော်​ဆက်​ဝန်​နှင့်​စား​တော်​ဆက်​ဝန် တို့​ကို​ထောင်​မှ​လွှတ်​၍​မင်း​ပရိသတ်​ရှေ့​သို့​ခေါ် ဆောင်​ခဲ့​စေ​တော်​မူ​၏။-

21. ဘု​ရင်​သည်​ဖ​လား​တော်​ဆက်​ဝန်​ကို​ယ​ခင် ရာ​ထူး​တွင်​ပြန်​ခန့်​ထား​၍၊-

22. စား​တော်​ဆက်​ဝန်​ကို​မူ​ကား​ကွပ်​မျက်​စေ တော်​မူ​၏။ သို့​ဖြစ်​၍​ယော​သပ်​အ​နက်​ဖွင့်​သည့် အ​တိုင်း​ဖြစ်​ပျက်​လေ​၏။-

23. သို့​သော်​လည်း​ဖ​လား​တော်​ဆက်​ဝန်​သည်​ယော​သပ် ကို​သတိ​မ​ရ​ဘဲ​မေ့​လျော့​လျက်​နေ​လေ​၏။

ကမ္ဘာ​ဦး 40