10. ထိုစပျစ်နွယ်တွင်အကိုင်းသုံးကိုင်းရှိသည်။ အကိုင်းများမှအရွက်များထွက်လာသည်နှင့် တစ်ပြိုင်နက်အပွင့်များပွင့်၍စပျစ်သီးများ မှည့်လာသည်။-
11. ငါသည်ဖာရောဘုရင်၏ဖလားတော်ကိုကိုင် လျက်စပျစ်သီးများကိုယူ၍ ဖလားတော်ထဲ သို့အရည်ကိုညှစ်ထည့်ပြီးလျှင်ဘုရင်၏လက် တော်သို့ဆက်ရပါသည်'' ဟုပြောပြလေ၏။
12. ယောသပ်က``သင်၏အိပ်မက်အနက်သည်ကား ဤသို့တည်း။ အကိုင်းသုံးကိုင်းသည်သုံးရက် ကိုဆိုလိုသည်။-
13. သုံးရက်အတွင်းဘုရင်သည်သင့်အားလွတ် ငြိမ်းချမ်းသာခွင့်ပေး၍ သင်၏ရာထူးကိုပြန် ပေးတော်မူသဖြင့် သင်သည်ယခင်ကဖလား တော်ဆက်ခဲ့ရသည့်နည်းတူယခုတစ်ဖန် ပြန်ဆက်ရလိမ့်မည်။-