21. သူ့ညီနာမည်မှာယုဗလဖြစ်၍ စောင်းနှဲတို့ကို တီးမှုတ်သောဂီတသမားအပေါင်းတို့၏ဖခင် ဖြစ်သတည်း။-
22. ဇိလသည်တုဗလကာဣနနာမည်ရှိသားကို ဖွားမြင်၏။ ထိုသူသည်ပန်းတဉ်းသမား၊ ပန်းပဲ သမားတို့၏ဖခင်ဖြစ်သတည်း။ တုဗလ ကာဣန၏နှမကားနေမဖြစ်၏။
23. လာမက်ကမိမိမယားတို့အား``ငါ့မယား အာဒနှင့် ဇိလတို့ငါ့စကားကိုနားထောင်ကြလော့။ငါ့ကိုရိုက်နှက်သူလူငယ်တစ်ဦးသည်ငါ့ကို ရိုက်နှက်သောကြောင့်ငါသတ်ခဲ့ပြီ။
24. ကာဣနကိုသတ်သူသည်ခုနစ်ဆသော အပြစ်ဒဏ်ကို ခံရမည်ဆိုလျှင်ငါ့ကိုသတ်သူကား၊ခုနစ်ဆယ်ခုနစ်ဆသောအပြစ်ဒဏ် ခံရမည်'' ဟုဆိုလေ၏။
25. အာဒံနှင့်ဧဝတို့တွင်သားတစ်ယောက်ထပ်၍ ဖွား မြင်လေ၏။ ဧဝက``ကာဣနသတ်ခဲ့သောအာဗေလ အစား သားတစ်ယောက်ကိုဘုရားသခင်ကပေး တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုရှေသဟု နာမည်မှည့်လေ၏။-
26. ရှေသသည်လည်းသားရ၍ထိုသားကိုဧနုတ် ဟုမှည့်ခေါ်၏။ ထိုခေတ်ကာလမှစ၍ လူတို့ သည်ထာဝရဘုရား၏နာမတော်ကိုအမှီ ပြုလျက်ကိုးကွယ်ကြလေ၏။