ကမ္ဘာ​ဦး 4:16-26 Common Language Bible (BCL)

16. ကာ​ဣ​န​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​ထံ​တော် မှ​ထွက်​သွား​၍ ဧ​ဒင်​အ​ရှေ့​ဘက်​ရှိ``လှည့်​လည် ရာ'' ဟု​တွင်​သော​အ​ရပ်​၌​နေ​ထိုင်​လေ​၏။

17. ကာ​ဣ​န​သည်​သူ​၏​မ​ယား​နှင့်​ဆက်​ဆံ​သ​ဖြင့် မ​ယား​၌​ပ​ဋိ​သန္ဓေ​စွဲ​၍​ဧ​နောက်​နာ​မည်​ရှိ​သား ကို​ဖွား​မြင်​လေ​၏။ သူ​သည်​မြို့​ကို​တည်​၍​သား ၏​နာ​မည်​ကို​အ​စွဲ​ပြု​လျက် ထို​မြို့​ကို​ဧ​နောက် မြို့​ဟု​မှည့်​ခေါ်​၏။-

18. ဧ​နောက်​သည်​ဣ​ရဒ်​ဟုအ​မည်​တွင်​သော​သား​ကို ရ​၏။ ဣ​ရဒ်​၏​သား​ကား​မ​ဟု​ယေ​လ၊ မ​ဟု ယေ​လ​၏​သား​ကား​မ​သု​ရှ​လ၊ မ​သု​ရှ​လ ၏​သား​ကား​လာ​မက်​ဖြစ်​၏။-

19. လာ​မက်​သည်​အာ​ဒ​နှင့်​ဇိ​လ​နာ​မည်​ရှိ မ​ယား​နှစ်​ယောက်​နှင့်​စုံ​ဖက်​၏။-

20. အာ​ဒ​သည်​ယာ​ဗ​လ​ဟု​အ​မည်​တွင်​သော​သား​ကို ဖွား​မြင်​၏။ ယာ​ဗ​လ​သည်​ကား​သိုး​နွား​တို့​ကို ထိန်း​ကျောင်း​၍ တဲ​ရှင်​၌​နေ​ထိုင်​သူ​တို့​၏​ဖ​ခင် ဖြစ်​သ​တည်း။-

21. သူ့​ညီ​နာ​မည်​မှာ​ယု​ဗ​လ​ဖြစ်​၍ စောင်း​နှဲ​တို့​ကို တီး​မှုတ်​သော​ဂီ​တ​သ​မား​အ​ပေါင်း​တို့​၏​ဖ​ခင် ဖြစ်​သ​တည်း။-

22. ဇိ​လ​သည်​တု​ဗ​လ​ကာ​ဣ​န​နာ​မည်​ရှိ​သား​ကို ဖွား​မြင်​၏။ ထို​သူ​သည်​ပန်း​တဉ်း​သ​မား၊ ပန်း​ပဲ သ​မား​တို့​၏​ဖ​ခင်​ဖြစ်​သ​တည်း။ တု​ဗ​လ ကာ​ဣန​၏​နှ​မ​ကား​နေ​မ​ဖြစ်​၏။

23. လာ​မက်​က​မိ​မိ​မ​ယား​တို့​အား``ငါ့​မ​ယား အာ​ဒ​နှင့် ဇိ​လ​တို့​ငါ့​စ​ကား​ကို​နားထောင်​ကြ​လော့။ငါ့​ကို​ရိုက်​နှက်​သူ​လူငယ်​တစ်​ဦး​သည်​ငါ့​ကို ရိုက်​နှက်​သော​ကြောင့်​ငါ​သတ်​ခဲ့​ပြီ။

24. ကာ​ဣ​န​ကို​သတ်​သူ​သည်​ခု​နစ်​ဆ​သော အ​ပြစ်​ဒဏ်​ကို ခံ​ရ​မည်​ဆို​လျှင်​ငါ့​ကို​သတ်​သူ​ကား၊ခု​နစ်​ဆယ်​ခု​နစ်​ဆ​သော​အ​ပြစ်​ဒဏ် ခံ​ရ​မည်'' ဟု​ဆို​လေ​၏။

25. အာ​ဒံ​နှင့်​ဧ​ဝ​တို့​တွင်​သား​တစ်​ယောက်​ထပ်​၍ ဖွား မြင်​လေ​၏။ ဧ​ဝ​က``ကာ​ဣ​န​သတ်​ခဲ့​သော​အာ​ဗေ​လ အ​စား သား​တစ်​ယောက်​ကို​ဘု​ရား​သ​ခင်​က​ပေး တော်​မူ​ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​ရှေ​သ​ဟု နာ​မည်​မှည့်​လေ​၏။-

26. ရှေ​သ​သည်​လည်း​သား​ရ​၍​ထို​သား​ကို​ဧ​နုတ် ဟု​မှည့်​ခေါ်​၏။ ထို​ခေတ်​ကာ​လ​မှ​စ​၍ လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​လျက်​ကိုး​ကွယ်​ကြ​လေ​၏။

ကမ္ဘာ​ဦး 4