ကမ္ဘာ​ဦး 4:16-21 Common Language Bible (BCL)

16. ကာ​ဣ​န​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​ထံ​တော် မှ​ထွက်​သွား​၍ ဧ​ဒင်​အ​ရှေ့​ဘက်​ရှိ``လှည့်​လည် ရာ'' ဟု​တွင်​သော​အ​ရပ်​၌​နေ​ထိုင်​လေ​၏။

17. ကာ​ဣ​န​သည်​သူ​၏​မ​ယား​နှင့်​ဆက်​ဆံ​သ​ဖြင့် မ​ယား​၌​ပ​ဋိ​သန္ဓေ​စွဲ​၍​ဧ​နောက်​နာ​မည်​ရှိ​သား ကို​ဖွား​မြင်​လေ​၏။ သူ​သည်​မြို့​ကို​တည်​၍​သား ၏​နာ​မည်​ကို​အ​စွဲ​ပြု​လျက် ထို​မြို့​ကို​ဧ​နောက် မြို့​ဟု​မှည့်​ခေါ်​၏။-

18. ဧ​နောက်​သည်​ဣ​ရဒ်​ဟုအ​မည်​တွင်​သော​သား​ကို ရ​၏။ ဣ​ရဒ်​၏​သား​ကား​မ​ဟု​ယေ​လ၊ မ​ဟု ယေ​လ​၏​သား​ကား​မ​သု​ရှ​လ၊ မ​သု​ရှ​လ ၏​သား​ကား​လာ​မက်​ဖြစ်​၏။-

19. လာ​မက်​သည်​အာ​ဒ​နှင့်​ဇိ​လ​နာ​မည်​ရှိ မ​ယား​နှစ်​ယောက်​နှင့်​စုံ​ဖက်​၏။-

20. အာ​ဒ​သည်​ယာ​ဗ​လ​ဟု​အ​မည်​တွင်​သော​သား​ကို ဖွား​မြင်​၏။ ယာ​ဗ​လ​သည်​ကား​သိုး​နွား​တို့​ကို ထိန်း​ကျောင်း​၍ တဲ​ရှင်​၌​နေ​ထိုင်​သူ​တို့​၏​ဖ​ခင် ဖြစ်​သ​တည်း။-

21. သူ့​ညီ​နာ​မည်​မှာ​ယု​ဗ​လ​ဖြစ်​၍ စောင်း​နှဲ​တို့​ကို တီး​မှုတ်​သော​ဂီ​တ​သ​မား​အ​ပေါင်း​တို့​၏​ဖ​ခင် ဖြစ်​သ​တည်း။-

ကမ္ဘာ​ဦး 4