ကမ္ဘာ​ဦး 4:1-13 Common Language Bible (BCL)

1. ထို​နောက်​အာ​ဒံ​သည်​မ​ယား​နှင့်​ဆက်​ဆံ​သ​ဖြင့် ဧ​ဝ​သည်​ပ​ဋိ​သန္ဓေ​စွဲ​၍​သား​ယောကျာ်း​ကို​ဖွား မြင်​လေ​၏။ ``ထာ​ဝ​ရ​ဘု​ရား​မ​စ​တော်​မူ​ခြင်း အား​ဖြင့်​သား​ကို​ရ​ပြီ'' ဟု​ဧ​ဝ​ပြော​ဆို​လျက် ထို​သား​ကို​ကာ​ဣ​န​ဟု​နာ​မည်​မှည့်​လေ​၏။-

2. ထို​နောက်​သူ​၏​ညီ​အာ​ဗေ​လ​ကို​ဖွား​မြင်​၏။ အာ​ဗေ​လ​သည်​သိုး​ထိန်း​ဖြစ်​၍ ကာ​ဣန​ကား လယ်​သ​မား​ဖြစ်​၏။-

3. အ​ချိန်​အ​တန်​ကြာ​သော​အ​ခါ​ကာ​ဣ​န သည် အ​သီး​အ​နှံ​များ​ကို​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​၏။-

4. အာ​ဗေ​လ​သည်​လည်း​မိ​မိ​သိုး​အုပ်​မှ အ​ဦး ဆုံး​ပေါက်​သော​သိုး​ကို​ယူ​ဆောင်​ခဲ့​၍​သတ် ပြီး​လျှင် အ​ကောင်း​ဆုံး​သော​အ​ပိုင်း​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​၏။ ထာ​ဝ​ရ​ဘု​ရား သည်​အာ​ဗေ​လ​နှင့်​သူ​၏​ပူ​ဇော်​သ​ကာ​ကို နှစ်​သက်​တော်​မူ​၏။-

5. သို့​ရာ​တွင်​ကာ​ဣန​နှင့်​သူ​၏​ပူ​ဇော်​သ​ကာ​ကို မူ​ကား နှစ်​သက်​တော်​မ​မူ။ ထို့​ကြောင့်​ကာ​ဣန သည်​အ​လွန်​ဒေါ​သ​ထွက်​၍​မျက်​မှောင်​ကြုတ် လေ​၏။-

6. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​အ​ဘယ် ကြောင့်​ဒေါ​သ​ထွက်​၍​မျက်​မှောင်​ကြုတ်​ရ​သ နည်း။-

7. သင်​သည်​မှန်​ကန်​စွာ​ပြု​ခဲ့​လျှင်​မျက်​နှာ​ပြုံး​ရွှင် နိုင်​ရ​မည်။ သို့​ရာ​တွင်​သင်​သည်​မ​ကောင်း​မှု​ကို​ပြု​ခဲ့​သ​ဖြင့် အ​ပြစ်​တ​ရား​သည်​သား​ရဲ​တိ​ရစ္ဆာန်​ကဲ့​သို့ သင့် တံ​ခါး​အ​နီး​တွင်​ချောင်း​မြောင်း​လျက်​ရှိ​၏။ အ​ပြစ်​က​သင့်​ကို​အုပ်​စိုး​လို​သော်​လည်း သင် က​အ​ပြစ်​ကို​နိုင်​ရ​မည်'' ဟု​ကာ​ဣန​အား​မိန့် တော်​မူ​၏။

8. ကာ​ဣ​န​သည်​ညီ​အာ​ဗေ​လ​အား``လမ်း​လျှောက် ထွက်​ကြ​မည်'' ဟု​ခေါ်​၍​လယ်​ထဲ​သို့​ရောက်​ရှိ ကြ​လျှင် ညီ​အာ​ဗေ​လ​ကို​ရန်​ဘက်​ပြု​ကာ သတ်​လေ​၏။

9. ထာ​ဝ​ရ​ဘု​ရား​က``သင့်​ညီ​အာ​ဗေ​လ​အ​ဘယ် မှာ​ရှိ​သ​နည်း'' ဟု​ကာ​ဣ​န​အား​မေး​တော် မူ​၏။ကာ​ဣ​န​က``အ​ကျွန်ုပ်​မ​သိ​ပါ။ အ​ကျွန်ုပ်​သည် ညီ​ကို​ထိန်း​ရ​သော​သူ​ဖြစ်​ပါ​သ​လော'' ဟု ပြန်​၍​လျှောက်​၏။

10. ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​အ​ဘယ်​ကြောင့် ဤ​ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​ရ​သ​နည်း။ သင့် ညီ​အ​သွေး​၏​အ​သံ​သည်​မြေ​ထဲ​မှ ငါ့​ထံ​သို့ အော်​ဟစ်​လျက်​ရှိ​သည်​တ​ကား။-

11. သင်​သည်​ကျိန်​စာ​သင့်​၍​မြေ​ကို​ထွန်​ယက်​စိုက် ပျိုး​မှု​မ​ပြု​နိုင်​တော့​ပြီ။ သင့်​လက်​ချက်​ကြောင့် ထွက်​သော​သင့်​ညီ​၏​သွေး​ကို မြေ​သည်​ခံ​တွင်း ဖြင့်​ခံ​ယူ​သ​ကဲ့​သို့​စုတ်​ယူ​ခဲ့​လေ​ပြီ။-

12. သင်​သည်​မြေ​ကို​ထွန်​ယက်​စိုက်​ပျိုး​သော်​လည်း အ​သီး​အ​နှံ​ထွက်​မည်​မ​ဟုတ်။ သင်​သည်​အိုး အိမ်​မဲ့​လျက်​မြေ​ကြီး​ပေါ်​တွင်​လှည့်​လည် နေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

13. ထို​အ​ခါ​ကာ​ဣ​န​က``ကိုယ်​တော်​ပေး​သော အ​ပြစ်​ဒဏ်​သည် ပြင်း​ထန်​လွန်း​လှ​ပါ​၏။-

ကမ္ဘာ​ဦး 4