3. ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူပြု လေသမျှတို့တွင် အောင်မြင်ကြောင်းသူ၏သခင် တွေ့မြင်ရသည်။-
4. ပေါတိဖာသည်ယောသပ်အားကျေနပ်နှစ်သက် သဖြင့် သူ၏ကိုယ်ရေးကိုယ်တာမှူးအဖြစ်ခန့် ထားလျက် သူပိုင်ဆိုင်သမျှဥစ္စာပစ္စည်းနှင့်အိမ် မှုကိစ္စတို့ကိုအုပ်ထိန်းစေလေသည်။-
5. ထိုအချိန်မှအစပြု၍ထာဝရဘုရားသည် ယောသပ်ကြောင့် ထိုအီဂျစ်အမျိုးသား၏အိမ် ထောင်ကိုလည်းကောင်း၊ သူ၏အိမ်စီးပွားနှင့်လယ် ယာစီးပွားတို့ကိုလည်းကောင်း၊ ကောင်းချီးပေး တော်မူ၏။-
6. ပေါတိဖာသည်မိမိပိုင်သမျှပစ္စည်းအားလုံး တို့ကိုယောသပ်လက်သို့လွှဲအပ်ထား၏။ သူစား သောအစာမှလွဲ၍မည်သည့်အရာ၌မျှဝင် ရောက်စွက်ဖက်ခြင်းမပြုချေ။
7. ယောသပ်သည်ကိုယ်လုံးကိုယ်ပေါက်ကောင်း၍ လူ ချောလူလှတစ်ယောက်ဖြစ်ရကားကာလအတန် ကြာသောအခါ သူ့သခင်မသည်ယောသပ်အား စွဲလန်းလာသဖြင့်သူနှင့်အတူအိပ်ရန်ဖြား ယောင်းလေ၏။-