ကမ္ဘာ​ဦး 39:13-23 Common Language Bible (BCL)

13. သ​ခင်​မ​သည်​မိ​မိ​၏​လက်​ထဲ​၌​ဝတ်ရုံ​ကို​ထား ခဲ့​၍ အိမ်​ပြင်​သို့​ယော​သပ်​ထွက်​ပြေး​သည်​ကို မြင်​သော​အ​ခါ၊-

14. အ​စေ​ခံ​တို့​ကို​အော်​ခေါ်​လျက်``ဤ​မှာ​ကြည့် စမ်း​ပါ။ သင်​တို့​၏​သခင်​က​ခေါ်​ထား​သော​ဤ ဟေ​ဗြဲ​အ​မျိုး​သား​က​ငါ​တို့​ကို​စော်​ကား ပါ​ပြီ။ သူ​သည်​ငါ့​အ​ခန်း​ထဲ​သို့​ဝင်​၍​ငါ နှင့်​အ​တူ​အိပ်​ရန်​ကြံ​သ​ဖြင့်​ငါ​အ​သံ ကုန်​ဟစ်​အော်​လိုက်​ရ​ပါ​သည်။-

15. သူ​သည်​ငါ​ဟစ်​အော်​သံ​ကြောင့်​သူ​၏​ဝတ်​ရုံ​ကို ငါ့​လက်​ထဲ​မှာ​စွန့်​ပစ်​ခဲ့​ပြီး​လျှင်​ထွက်​ပြေး ပါ​သည်'' ဟု​ပြော​လေ​၏။

16. ပေါ​တိ​ဖာ​အိမ်​သို့​ပြန်​ရောက်​သည့်​တိုင်​အောင် သူ သည်​ယော​သပ်​၏​ဝတ်​ရုံ​ကို​သိမ်း​ထား​ပြီး​လျှင်၊-

17. ပေါ​တိ​ဖာ​အိမ်​သို့​ပြန်​လာ​သော​အ​ခါ``ကိုယ်​တော် ဤ​အိမ်​သို့​ခေါ်​လာ​သော​ဟေ​ဗြဲ​အ​မျိုး​သား ကျွန်​သည် ကျွန်​မ​အ​ခန်း​ထဲ​သို့​ဝင်​၍​ကျွန်​မ ကို​စော်​ကား​ရန်​ကြံ​ပါ​သည်။-

18. ကျွန်​မ​က​အော်​ဟစ်​သော​အ​ခါ​သူ​သည်​ဝတ်​ရုံ ကို ကျွန်​မ​လက်​ထဲ​မှာ​ထား​ခဲ့​ပြီး​ထွက်​ပြေး​ပါ သည်'' ဟု​တိုင်​ကြား​လေ​၏။

19. ပေါ​တိ​ဖာ​သည်​အ​လွန်​အ​မျက်​ထွက်​၍၊-

20. ယော​သပ်​ကို​ဖမ်း​ဆီး​လျက်​ဘု​ရင်​၏​အ​မျက်​သင့် သူ​များ​ထား​ရာ​ထောင်​ထဲ​တွင်​အ​ကျဉ်း​ချ​ထား လေ​၏။ ယော​သပ်​သည်​ထောင်​ထဲ​မှာ​နေ​ရ​သော်​လည်း၊-

21. ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​၍​သူ့ အား​ကောင်း​ချီး​ပေး​သ​ဖြင့် သူ​သည်​ထောင်​မှူး ထံ​၌​မျက်​နှာ​သာ​ရ​လေ​၏။-

22. ထောင်​မှူး​သည်​ယော​သပ်​အား​အ​ခြား​သော​အ​ကျဉ်း သား​အား​လုံး​တို့​ကို​အုပ်​ထိန်း​ကွပ်​ကဲ​ရန်​နှင့် ထောင် ထဲ​တွင်​ရှိ​သ​မျှ​ကိစ္စ​တို့​ကို​စီ​မံ​ရန်​တာ​ဝန်​လွှဲ အပ်​ထား​လေ​သည်။-

23. ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​နှင့်​အ​တူ​ရှိ​၍ သူ​တာ​ဝန်​ယူ​ဆောင်​ရွက်​သ​မျှ​တို့​၌​အောင်​မြင် စေ​တော်​မူ​သော​ကြောင့် ထောင်​မှူး​သည်​ယော​သပ် အား​တာ​ဝန်​များ​ကို​စိတ်​ချ​ယုံ​ကြည်​စွာ လွှဲ​အပ်​လေ​သည်။

ကမ္ဘာ​ဦး 39