12. သခင်မကယောသပ်အား``ငါနှင့်အတူအိပ် ပါ'' ဟုဆို၍သူ၏ဝတ်ရုံကိုကိုင်ဆွဲထား လေ၏။ ယောသပ်သည်လည်းဝတ်ရုံကိုသခင်မ ၏လက်ထဲ၌စွန့်ပစ်ထားခဲ့၍အိမ်အပြင်သို့ ကိုယ်လွတ်ထွက်ပြေးလေသည်။-
13. သခင်မသည်မိမိ၏လက်ထဲ၌ဝတ်ရုံကိုထား ခဲ့၍ အိမ်ပြင်သို့ယောသပ်ထွက်ပြေးသည်ကို မြင်သောအခါ၊-
14. အစေခံတို့ကိုအော်ခေါ်လျက်``ဤမှာကြည့် စမ်းပါ။ သင်တို့၏သခင်ကခေါ်ထားသောဤ ဟေဗြဲအမျိုးသားကငါတို့ကိုစော်ကား ပါပြီ။ သူသည်ငါ့အခန်းထဲသို့ဝင်၍ငါ နှင့်အတူအိပ်ရန်ကြံသဖြင့်ငါအသံ ကုန်ဟစ်အော်လိုက်ရပါသည်။-
15. သူသည်ငါဟစ်အော်သံကြောင့်သူ၏ဝတ်ရုံကို ငါ့လက်ထဲမှာစွန့်ပစ်ခဲ့ပြီးလျှင်ထွက်ပြေး ပါသည်'' ဟုပြောလေ၏။
16. ပေါတိဖာအိမ်သို့ပြန်ရောက်သည့်တိုင်အောင် သူ သည်ယောသပ်၏ဝတ်ရုံကိုသိမ်းထားပြီးလျှင်၊-
17. ပေါတိဖာအိမ်သို့ပြန်လာသောအခါ``ကိုယ်တော် ဤအိမ်သို့ခေါ်လာသောဟေဗြဲအမျိုးသား ကျွန်သည် ကျွန်မအခန်းထဲသို့ဝင်၍ကျွန်မ ကိုစော်ကားရန်ကြံပါသည်။-
18. ကျွန်မကအော်ဟစ်သောအခါသူသည်ဝတ်ရုံ ကို ကျွန်မလက်ထဲမှာထားခဲ့ပြီးထွက်ပြေးပါ သည်'' ဟုတိုင်ကြားလေ၏။
19. ပေါတိဖာသည်အလွန်အမျက်ထွက်၍၊-
20. ယောသပ်ကိုဖမ်းဆီးလျက်ဘုရင်၏အမျက်သင့် သူများထားရာထောင်ထဲတွင်အကျဉ်းချထား လေ၏။ ယောသပ်သည်ထောင်ထဲမှာနေရသော်လည်း၊-
21. ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူ့ အားကောင်းချီးပေးသဖြင့် သူသည်ထောင်မှူး ထံ၌မျက်နှာသာရလေ၏။-